Professional Authors

တေလေလေးရဲ့ အိမ်မက်ရိုင်း (မိုးထက်အောင်)

တေလေလေးရဲ့ အိမ်မက်ရိုင်း

ကိုယ့်ရင်ဘတ် ကိုယ်နဖားကြိုးတပ်ရင်း လမင်းကိုကြိုးကွင်းပစ်ဖမ်းတဲ့ည
လှုပ်လီလှုပ်လဲ့ကြယ်တွေက မခို့ တရို့ ပြုံးပြသွားကြတယ်
(ဒီကကောင်ပဲလေဗျာ………)
အဖန်ငါးရာ ငါးကမ္ဘာ ကဗျာတွေထဲမှာ အကြိမ်ကြိမ်သေပေးသွားခဲ့တာ
လူသေတယ် ရင်ဘတ်သေတယ် ကဗျာသေတယ်
အိမ်မက်သေတယ် အတွေးသေတယ် အနာဂတ်သေတယ်
ဒီကဗျာအတွက် ဘယ်အသပြာမှမစွန့် ကြဲပါနဲ့ 
(ယားလို့ ရေးတဲ့ ကဗျာ…….)
ခင်ဗျားအပေါ်ယံစာနာစရာတော့မလိုဘူ

လက်ခုပ်မတီးပဲ ခြေခုပ်တီးလည်းဖြစ်တယ်
တစ်ကိုယ်ရေ တစ်ကာယ ကိုယ့်ကိုယ်ကိုပြန်ပြုံးပြနေရတာလှတယ်
(ကိုယ်အလောင်းကိုယ်ပိုက်…….…)
ကျွန်တော့်အနီးတစ်ဝိုက်မှာ စကားစစ်ခင်းသံသောသောညံတယ်
ခင်ဗျားသတ်လို့ သေတဲ့ကဗျာဆရာတွေထဲမှာ ကျွန်တော်မပါဘူး ကဗျာမပါဘူး
(ပေလွှာမှာ ရွှေတင်ပြီးမှတ်……)
ခင်ဗျားဂဏန်းပေါင်းစက်မှာ သုညတွေတန်းစီရေးပြမယ်
ကိုယ့်ရင်ဘတ် ကိုယ်နဖားကြိုးတပ်ရင်း လမင်းကိုကြိုးကွင်းပစ်ဖမ်းတဲ့ညဗျ
လှုပ်လီလှုပ်လဲ့ကြယ်တွေက ကျွန်တော့်ကို မခို့ တရို့ ပြုံးပြသွားကြတယ်
(တစ်ခုတော့ပြောမယ်ဗျာ………)
ကဗျာဆိုတာ…………
………………………………………………………………………………
ခင်ဗျားမသိတဲ့ ဘာ……ညာ…..သာ…..ရ……ကာ……………………….……..။

                                                မိုးထက်အောင်

In: ကဗျာ Posted By: Date: Jul 15, 2011
Comment #1

ခင်ဗျားဂဏန်းပေါင်းစက်မှာ သုညတွေတန်းစီရေးပြမယ်
အင်းးးးးးးးးသုံညတွေအရမ်းများတယ် 🙂

commentinfo By: နတ်သမီး at Jul 15, 2011
Comment #2

(တစ်ခုတော့ပြောမယ်ဗျာ………)
ကဗျာဆိုတာ…………
………………………………………………………………………………
ခင်ဗျားမသိတဲ့ ဘာ……ညာ…..သာ…..ရ……ကာ……………………….……..။
ကိုမိုးထက်အောင်အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 15, 2011
Comment #3

အားလုံးကိုကျေးဇူးတင်ပါတယ်….

commentinfo By: moehtetaung18 at Jul 15, 2011
Comment #4

အဲ ဒါမှ မို။ထက်အောင် အစစ်ကွ………..အရမ်းကြိုက်တယ် ……….အရမ်းအားပေးသွားတယ်……….ဒါဘဲ………..

commentinfo By: nyanlinhtet at Jul 15, 2011
Comment #5

ကောင်းတယ်ဗျာ………..

(တစ်ခုတော့ပြောမယ်ဗျာ………)
ကဗျာဆိုတာ…………
………………………………………………………………………………
ခင်ဗျားမသိတဲ့ ဘာ……ညာ…..သာ…..ရ……ကာ……………………….……..။

commentinfo By: MyoZin at Jul 16, 2011
Comment #6

ရေးလိုက်တိုင်း အရေးအသားတွေကလေးစားစရာပါလားနော် 😀

commentinfo By: မိုးသစ်လေပြေ at Jul 16, 2011
Comment #7

သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်….။

commentinfo By: moehtetaung18 at Jul 16, 2011
Comment #8

သိပ်မိုက်တဲ့အရေးအသားပဲဗျာ….အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Jul 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment