Professional Authors

“ဗလာ နဲ့ တဏှာ”

 

 

“ဗလာ နဲ့ တဏှာ”

 

ပြောမယုံ ကြုံဖူးမှသိသတဲ့။

ကြားရသမျှလည်းနားဝမှာမသက်သာ။

 

ချက်တင်ကို နာမယ်ပျက်အောင်

လုပ်လဲလုပ်ရက်တဲ့သူတွေ၊

 

ပြောတော့လဲမောယုံဘဲရှိ။

ကြူတဲ့လူကလဲ ဇွတ်ကို ကြူ

မူရမယ့်လူကလဲ

ကိုယ့်ကိုယ် ကို တန်ဘိုးမထား

မူများ တောင်  မမူနိုင်ဘဲ

အလွယ်ကလေးနဲ့ ပေးလိုက်မိ တော့

လူတောင်ယိုင်နဲ့နဲ့လေးဘဲကျန်ခဲ့ပါသတဲ့။

 

အစရှိနောင်နောင်

တားမရ ဆီးမရ

တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်

လိုက်ရောမိတာလဲအကြီမ်ကြိမ်

ထိန်းမနိုင်သိမ်းမရ ဖုံးမရဖိမရ

အဆုံးမှာတော့

တိုင်ကြတောကြ

ကြားလူမှာနားတွေပူရ။

 

တုံမမရေ

နှာခေါင်းမပါလို့ စားကြတာ မဟုတ်ဘူးကွဲ့

ခေါင်းထဲမှာဦးနှောက်မပါတာရယ်

အငယ်ကောင်လေးမိုက်သမျှ

အလိုလိုက်ကြတာရယ်ကြောင့် ………..

စားနေတုန်းတော့ လူမသိ သူမသိ

အပူတွေမိတော့ မှ အရပ်ကတို့ကိုဗျို့ ဟစ်

ရွှေမန်းတင်မောင်လိုပင် ဟစ်လိုက်ချင်ပါသကွဲ့

“မောင်တင် ဘယ်သူ့ကို မှ အပြစ်မတင် ကိုယ့် ကိုယ်ပင်သနားလှချည့်ရဲ့ ” လို့

ပူလိုက်တဲ့နား……………………………………

 

ကိုပေါက်လက်ဆောင် အတွေးကန့်လန့်လေး

 

In: ကဗျာ Posted By: Date: Apr 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment