Professional Authors

အဝေး

နှုတ်ဆက်ကြစို့လို့
နှတ်ဆက်အနမ်းလေးတောင်
နှဖူးထက်မချန်ရက်ခဲ့ပါဘူး။
ခြေသံကို ဖွနင်းပြီး ထွက်ခဲ့တယ်။
ခြေရာဆိုတာ သောင်ပြင်မှာမှ
ထင်တဲ့အရာမဟုတ်ပါဘူး။
နှလုံးသားပေါ်မှာလည်း
ကျန်နေရစ်နိုင်သေးတယ်။
ကြာလာတော့လည်း
အချိန်တွေတိုက်စား
ခပ်ပါးပါးဖြစ်လာမှာပေါ့
သူ့ နှလုံးသားဆီ
ခြေရာမချန်ရက်ခဲ့ပါဘူး
လေးလံမှုတွေကို
ကိုယ်တိုင်သယ်ဆောင်ရင်း
ပေါ့ပေါ့လေးပဲ
ထွက်သွားပါရစေ
ဟိုး….အဝေး
ကြယ်စုတန်းဟင်းလင်းပြင်
ကမ္ဘာ့အပြင်ဘက်အထိ
လူမသိ သူမသိ။
(၇.၈.၂၀၁၄)

In: ကဗျာ Posted By: Date: Aug 8, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment