Professional Authors

အာရုံသစ်များ

မျက်လုံးတွေကို မှိတ်ထားလိုက်တဲ့အခါ
ငါ မရှိတော့ဘူး။

ရေစီးတွေးစိမ့်စိမ့်လျင်လျင် ဖြတ်စီးတယ်
လေညင်းတွေ ငြိမ့်ငြိမ့်ညင်ညင် တိမ်တွေကိုရွှေ့တယ်
ပန်းချီကားလို့ပြောရအောင်ကလည်း
အလျားအနံအမြင့်မရှိဘူး။

အရာရာကိုရိုးရှင်းလွယ်ကူအောင်လုပ်ဖို့တော့မဖြစ်နိင်
သိမ်မွေ့သောသဘာဝ
အစိမ်း အစိမ်း စိမ်းလန်းခြင်းတွေ သွင်သွင်
မီးခိုးရောင်နည်းနည်း ရောလျက်
မှော်ဆန်ကာကွက်များ

လွန်ထွက်မသွားအောင်တားဖို့
တိတိကျကျဆိုတာမျိုး
အသိဉာဏ်တောင်မရှိ သေးတော့
တလွင့်လွင့်ရယ်။ ။

ဩမြိုင်

In: ကဗျာ Posted By: Date: Apr 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment