Professional Authors

ဘဝမျက်လှည့် (ငွေတာရီ)

ဟိုရှေးယခင်၊ ပျိုနုစဉ်၌
သန့်စင်မျက်လုံး၊ ငါ့မျက်ခုံးနှင့်
ကော့ပြုံးမျက်တောင်၊ ငါ့မျက်မှောင်သည်
တောက်ရောင်ဝင်းပ၊ ရှုတိုင်းလှခက်
ငိုကပုလဲ၊ ရွဲသို့ရယ်စဉ်
ပြုံးလျှင်တင့်တယ်၊ လှမျိုးကြွယ်လျှက်
ပွဲလယ်နှိုင်းတု၊ ကင်းသူတည်း။ ။

ယခုအခါ၊ မျက်ခုံးမျက်တောင်
ထိုမျက်မှောင်တို့၊ အရောင်လည်းမွဲ
ညှီနံ့စွဲလျှက်၊ စွဲမက်ဖွယ်ရာ
မရှိပါတည်း၊ ခန္ဒာအလှ
ရှာမရပြီ၊ ဘဝမျက်လှည့်ပါတကား။ ။

In: ကဗျာ,ငွေတာရီ Posted By: Date: Feb 18, 2012
Comment #1

hin,,,
myat hle so tar sate win sar phoe kaung dar,,yin khone phoe kaung tar,,ma phyit naing tar ko phan te pya tar hote bu lar?
za yar choe ywin lar hmar ka lu tine ti p tar g ko,,
he,,he,,myat hle loh title pay tar 1 myo g pe naw,,

commentinfo By: ei lay at Feb 18, 2012
Comment #2

တမျိုးကြီး ဆိုပေသည့်… အိလေးစကားအတိုင်း ပြန်ပြောရရင် အဲဒီ ‘မျက်လှည့်’ကတော့ စိတ်ဝင်စားဖို့ မကောင်းဘူးပေါ့…

commentinfo By: kantkawmg at Feb 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment