Professional Authors

ရင်ဘတ်ဟောင်းလောင်းနဲ့လူ

 

တခါတလေငါနင့်ကိုသိပ်သတိရတရ် …

နင့်အတွက်တော့ငါကခဏတာဖြစ်ခဲ့ပေမယ့်

ချစ်သူ…ငါ့အတွက်တော့နင်ဟာထာဝရပါ

အချစ်ဆိုတဲ့အရာဟာ မီးနဲ့တူသတဲ့လား

ဒါမှမဟုတ်ရင်

သူ့အပေါင်းအဖေါ်ဖြစ်တဲ့ အလွမ်းဆိုတာကပဲ

ငါ့ရင်ကိုပူလောင်အောင်လို့ခြယ်လှယ်နေတာလား

ငါသိချင်လိုက်တာ …

အခုတော့လည်း

အိပ်မက်ထဲမှာပဲ

ပျော်စရာအတိတ်တွေ ကိုပြန်တူးဆွတရ် 

လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့

ဟိုး တစ်ချိန်က နင့်ရဲ့သတိရခြင်းဆိုတာကလည်း

အခုတော့ နွေကြောင့်ကြွေလွင့်ခဲ့တဲ့

နှင်းစက်တွေလို ငါ့အသိစိတ်ထဲက

ပြယ်လွင်ခဲ့ပြီ

နင့်ရဲ့လစ်လျူရှုမှုတွေက ငါ့အတွက်အသားကျလာပြီလို့

ထင်ရပေမယ့်လည်း

တကယ်တမ်းတော့ ခါးသီးတရ်ဆိုတဲ့အသိကိုငါ

ဥပေက္ခာမပြုနိုင်သေးဘူး …

တစ်ချိန်ချိန်တော့ အရင်လိုပြန်ဖြစ်နိုင်ဦးမလား

ဝေးကွာခဲ့ဖူးတဲ့ ခံစားချက်တွေကို

ပြန်ဆက်စပ်ရတာ သိပ်တော့မလွယ်ကူလှဘူးနော်

အေးစက်နေတဲ့ နင့်စကားတွေကိုလည်း

ခံနိုင်ရည်မရှိတဲ့ ငါနှလုံးသားက

တမင်တကာ မကြားချင်ယောင်ဆောင်ထားခဲ့တာပါ …

အခုတော့

သတိရခြင်းဆိုတာကို

အတိတ်မှာပဲထားခဲ့ပြီး

ငါ့ရဲ့လက်ရှိအချိန်တွေကို မေ့လျော့ခြင်းတွေနဲ့ပဲ ဖြတ်သန်းချင်တော့တရ် ………………….

In: ကဗျာ Posted By: Date: Apr 5, 2011
Comment #1

အေးစက်နေတဲ့ နင့်စကားတွေကိုလည်း

ခံနိုင်ရည်မရှိတဲ့ ငါနှလုံးသားက

တမင်တကာ မကြားချင်ယောင်ဆောင်ထားခဲ့တာပါ …

commentinfo By: အနီရောင်နှင်း at Apr 5, 2011
Comment #2

wowwwwwwwww
really nice,
really perfect,
really like both title & poem.

commentinfo By: ei lay at May 12, 2012
Comment #3

နင့်ရဲ့လစ်လျူရှုမှုတွေက ငါ့အတွက်အသားကျလာပြီလို့

ထင်ရပေမယ့်လည်း

တကယ်တမ်းတော့ ခါးသီးတရ်ဆိုတဲ့အသိကိုငါ

ဥပေက္ခာမပြုနိုင်သေးဘူး …

နှစ်သက်စွာအားပေးသွားတယ်ဗျာ

commentinfo By: အသဲကွဲ မိုး at May 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment