Professional Authors

ချစ်သူရဲ့ စားပွဲရာဇ၀င်

စူဠသုဘဒ္ဒါရဲ့ ရာဇ၀င်မှာ
သောနုတ္တရဆိုတာ အချဉ်

နန်းမတော်မယ်နုရဲ့ ရာဇ၀င်မှာ
စစ်ကိုင်းမင်းဆိုတာ တို့စရာ

စုဖုရားလတ်ရဲ့ ရာဇ၀င်မှာ
သီပေါဆိုတာ အချိုပွဲ

ကလီယိုပက်ထရာရဲ့ ရာဇ၀င်မှာ
ဂျူးလိယက်ဆီဇာ ဆိုတာ လက်သုတ်ပ၀ါ..

သူမရဲ့ ရာဇ၀င်မှာ
ကျနော်က သွားကြားထိုးတံ…

Khun Htet
29th Jan,2014

In: ကဗျာ Posted By: Date: Jan 29, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment