Professional Authors

တစ်ပိုင်းတစ်စမြင်ကွင်း

သူဟာဆံနွယ်၊အရိုးတို့နဲ့သွားအချို့
ပြီးတော့ငါမရှင်းပြတတ်တဲ့အရာတွေနဲ့
သူဟာဒုက္ခတကစားစရာတစ်ခုလိုပဲ
ငါ့ဘေးရောက်ရှိလာတယ်။

ကျောရိုးမကြီးဆိုတာကြိုးတစ်ချောင်းထက်မပိုပါဘူး

ပင့်ကူခြေထောက်တွေလိုငွေရောင်လက်တဲ့
အရာအချို့နဲ့တို့ရဲ့အချစ်တွေကိုရစ်ပတ်ထားတယ်
ဘယ်တော့မှမယိုယွင်းမဲ့အချစ်တဲ့

သို့သော်လည်းယင်ကောင်တွေဟာဥအမြဲဥလျှက်ပါ။

အမုန်းတရားတွေငါ့ဆီပုံချလိုက်
အားလုံးဟာငါ့ခေါင်းပေါ်မှာစုလို့

နင်ဆိုသည်မှာငါ့အားဘယ်တော့မှမယုံမဲ့
အသားစားသွေးနွေးသတ္တဝါတစ်ဦးလေ

ငါဟာနင့်ရဲ့အနာကျက်မဲ့ချုပ်စတစ်ခုပေါ့။

ဝိညာဉ်တစ်ခုရဲ့အတွင်းကျကျစမ်းသပ်ခန်းလိုပဲ
နုပျိုမူတွေနဲ့ချုပ်နှောင်ခံထားရတယ်။

ဒါတွေဟာ
တကယ်လို့ရင်နာစေခဲ့ရင်ပြောပါချစ်သူ
ငါဘယ်တော့မှဒီလိုမဖြစ်ချင်တဲ့အတွက်
အပြစ်ကင်းမဲ့မူကိုဆားရေစိမ်ထားလိုက်မယ်

ဒါပေမဲ့
ယင်ကောင်တွေဟာအရင်လိုဥ တုန်းပါပဲ။

MSH

In: ကဗျာ Posted By: Date: Mar 30, 2011
Comment #1

အားပေးသွားပါတယ်ခင်ဗျာ … 🙂

commentinfo By: chityellusoelay at Aug 19, 2011
Comment #2

🙂
🙂
🙂

commentinfo By: ei lay at Oct 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment