Professional Authors

ဆူးလေမြင်ကွင်း-ရွှေကြယ်မိုး

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

မိုးသားအုံ့အုံ့နဲ့

မှိုင်းဝေထနေတဲ့ ပေတရာလမ်းပေါ်

ပင်နီလွယ်အိတ်လေးတွေ ကိုယ်စီလွယ်

သူတို့လျှောက်လာကြတော့

ထီးတစ်ချောင်းမှမပါ…။

 

တစ်ဖက်တစ်ချက်စီမှာ

ဝေဒနာတူညီရှိကြတဲ့ သူတို့

ဟောဒီ့လမ်းထက်မှာ

လက်ချင်းချိတ်လို့…။

 

ဟော…မိုးက တပုံ့ပုံ့နဲ့

ရွာစပြုနေပြီ

သူတို့ကို စိတ်မချလို့တဲ့

ခပ်လှမ်းလှမ်းကလိုက်လာတဲ့

မိဘသားချင်းတွေမှာ မျက်ရည်တစမ်းစမ်းနဲ့

 

ကျွန်တော်တို့ တစ်နေရာရာကို

ခရီးရှည်ထွက်ရမယ်…

အဲ့ဒီ့လိုဆိုလိုက်တော့

နှစ်လေးဆယ်ကျော်

လောကဓံတရားအောက်

ပြားပြားမှောက်ခဲ့ရတဲ့

အမေ့ထံက ရှိုက်သံတွေ

ကျလာတယ်

 

 

 

 

 

 

တွေ့ဆုံကြုံကွဲလောကထဲမှာ

ရမ်းကားခံရလို့

မိသားစုတွေကွဲကွာသွားတာလည်း ရှိမပေါ့

ခေတ်အဆက်ဆက် နှင်ခဲ့ကြတဲ့ခရီးကို

ကျွန်တော်တို့ ငြင်းဆန်လို့မဖြစ်ဘူး အမေ

 

ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ ကျောင်းတက်ဖို့

မြေနီပြန့်ပြန့် တောလမ်းကလေးကအိမ်လေးရယ်

တောင်သူတို့ ပျော်မွေ့ရာ ယာခင်းလေးတွေရယ်

ကျွန်တော်တို့ဆီက လှမ်းကြည့်ရင်

မှိုင်းပြပြမြင်နေရတဲ့

ပုပ္ပါးတောင်ကလပ်ရယ်

ရိုးမရဲ့ အခက်အလက်တွေ

အကုန်လုံးရယ်ကို

နှုတ်ဆက်ကန်တော့ခဲ့ပြီးပြီ…အမေ။

 

အခု

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က

ကျောင်းသားလေးတွေ

ဆူးလေရင်ပြင်ပေါ်

ပုဆစ်ဒူးတုပ်ထိုင်

ကိုယ့်ကိုကိုယ် သရဂုဏ်တင်တော့

အဝေးကရောက်လာတဲ့ မိဘတို့ ချုန်းပွဲချငို

ဆူးလေမိုးဟာ တ၀ုန်းဝုန်းရွာတယ်

နောက်ဆုံးနှုတ်ဆက်ခြင်းတဲ့လား

ဒါဟာ…နောက်ဆုံးနှုတ်ဆက်ခြင်းတဲ့လား

မေမေရယ်…။   

                   ရွှေကြယ်မိုး

In: ကဗျာ Posted By: Date: Aug 4, 2012
Comment #1

phat shu arr pay twar par de

commentinfo By: ei lay at Aug 4, 2012
Comment #2

လေးစားပါတရ်

commentinfo By: May Kha at Aug 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment