Professional Authors

တစ်ပိုင်းတစ်စ

စတွေ့ခဲ့ပါတယ် သူနဲ့
ဆည်းဆာမရှိ မိုးမရွာတဲ့နေ့
အဲဒီနေ့ကပေါ့
ရင်ခုန်သံ ငြိမ့်ငြိမ့်လေးနဲ့
ကဗျာတစ်ပုဒ်ရေးဖြစ်ခဲ့တာ
“သူ့ရဲ့ အကြည့်
ထိထိမိမိက တစ်နေရာတည်း
ဟောဒီ့ ရင်ဘတ်ထဲမှာ“ လို့

စသိခဲ့ပါတယ် သူနဲ့
တေးသွားမလို စကားပိုခဲ့တဲ့နေ့
အဲဒီနေ့ကပေါ့
အတွေးထဲမှာ သူ့ကိုထည့်လို့
ကာရံတစ်စ ထွက်ကျခဲ့တာ
“သတိမမူမိခင်
နှလုံးသားစေရာသို့ မောင်းနှင်
သင်သာလျှင် ငါ၏ သခင်“ လို့

စပြောဖြစ်ကြပါတယ် သူနဲ့
သံစဉ်တေးနဲ့ လေပြည်သွေးတဲ့နေ့
အဲဒီ့နေ့ကပေါ့
သူ့အချစ်ကို အပ်နှင်း
ငါကလဲ ကဗျာတစ်ပုဒ်စပ်ပေးခဲ့တာ
“ငါတို့အချစ် အနှစ်တရာ
ဒီရင်ဘက်ထဲ မဟောင်းနွမ်းပဲ
ထာဝရတည်စေရာ”လို့

ကြက်ခြေခတ်  X
+
လေလွင့်နတ်သမီး(တစ်ပိုင်းတစ်စ ခံစားကူညီသည်။)


In: ကဗျာ Posted By: Date: Aug 3, 2010
Comment #1

ဒီကဗျာလေးကို အရမ်းကြိုက်ပါတယ်..ဒါပေမယ့် ….ကဗျာထဲကအတိုင်းတော့ဖြစ်နိုင်လိမ့်မယ်မထင်ပါဘူး….ထာဝရ..ဖြစ်ဖို့က နှစ်ယောက်လုံးသစ္စာရှိဖို့လိုတယ်လေ …….ဘာပဲဖြစ်ဖြစ်ကဗျာထဲကအတိုင်းတော့ဖြစ်ချင်ပါတယ်…..ဒီထက်ကောင်းတဲ့ကဗျာတွေရေးနိုင်ပါစေ……

commentinfo By: Phyu Lay at Aug 4, 2010
Comment #2

အချစ်စစ်မှန်ရင် အခက်အခဲတွေရှိကြစမြဲပါ….အဲဒါတွေကို ကျော်နိုင်ရင် ထာဝရဆိုတာ ကိုယ့်အတွက်ဖြစ်လာမှာပေါ့…..ဒီကဗျာက လွန်ခဲ့တဲ့ ၂ နှစ်က ငါ့ချစ်သူကို ငါစတွေ့တာကို ရေးထားတာလေ….ငါတို့ခုထိ တွဲလက်တွေ မြဲနေတုန်းပဲ….

commentinfo By: ကြက်ခြေခတ် at Aug 4, 2010
Comment #3

မိုက်တယ်ကွာ အဲ.လောက်ချစ်တဲ. ချစ်သူနစ်ယောက်ပေါင်းစည်း နိုင်ပါစေဗျာ ကဗျာကတော.ကောင်းတယ်

commentinfo By: tunminthant at Aug 6, 2010
Comment #4

ပေးတဲ့ဆုနဲ့ပြည့်ပါစေ…..ကိုထွန်းမင်းသန့်

commentinfo By: ကြက်ခြေခတ် at Aug 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment