Professional Authors

“မြင်ကွင်း”

         “မြင်ကွင်း”
   အတောင်ကျိုး ငါ့ဘ၀ကိုမှ
   တစ်ယောက်လာ ဒီသောက်ချိုးမျိုးနဲ့
   အနိုင်လို ကျီးအာဆိုးတို့
   လှောင်ရယ်ကာ ၀ိုင်းထိုးနှက်ကြ……
ငါ့ဘ၀က ရှိတာလေးကိုရင်း
မင်းလာရွေးလို့မှ ကျေးဇူးတင်ရ
ပြေးမြင်တာ အိမ်ကအသိုက်မို့
တန်ကြေးကိုပေး ဈေးတော့မချိုးနဲ့ဟယ်……
   တစ်ချို့ဆို ပါရာဒိုကြီးဈေးရှေ့ထိုးပြီး
   ငါးဆယ်မျိုး တစ်ရာမျိုးနဲ့ ကုတ်စီးကပ်
   ကျောက်ခဲပါ ရေထွက်မလားဘဲ
   သင်းတို့က သာပိုဆိုးမယ်……

သားသယ် မိခင်ရယ်ပါ
သွားသွားပြန်ပြန် ကုန်စိမ်းရောင်းသူမို့
တောင်းပန်ကာပြောရရှာတယ်
စပယ်ယာ အစ်ကိုကြီးရယ်
ဒီကောင်မကိုမှ ပိုတောင်းရက်တယ်လို့….
    Hi Tea ကြော်ငြာတဲ့ T.V ထဲက ကလေးရယ်
   ငါ့ရင်မှာမှေးပျော်နေတဲ့ ရင်သွေးငယ်ကို
   ပြန်ကာလှန်ကာကြည့်ရင်းက
   သွားလေသူ ဒင်းကိုပဲမျက်စောင်းထိုးမိတယ်။။
 
နေ့သစ်…19.7.2010 …
1am to 3.30am

အဲ.ဒီနေ့က အိမ်မှ သင်တန်းကိုအသွား…
ကားပေါ်တက
်တက်ခြင်း
အထည်ကြီးမိန်းကလေးတစ်ဦးကိုတွေ့တယ်….
သူကိုအထင်သေးတဲ့
မျက်လုံးနဲ့ကြည့်မိတယ် .
ရှက်မိပါတယ် ငါသာဒီလိုအကြည့်ခံရမယ်ဆိုရင
်းးးးးး
ဆက်သွားရင်း ညဈေးမှတ်တိုင်က မြင်ကွင်းတချို့ရယ်းးးး
သိရိ
မင်ဂလာဈေးကမြင်ကွင်းတချို့ကို
ပေါင်းစပ်ပြီးမြင်ကြည့်လိုက်တာ……..

In: ကဗျာ Posted By: Date: Oct 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment