Professional Authors

လှေကားထစ် – နရီထက်

အတက်ရှိခဲ့မှာတော့
ပြန်ဆင်းခဲ့အုန်းမှာပေါ့
အောင်မြင်မှုကို လှေကားထစ်နှင့်
အချိုးကျ ဖော်ညွန်းပြသခဲ့ပေမဲ့
ရှုံးနိမ့်မှုကိုတော့ လှေကားအဆင်းလေးတွေက
အယောင်ပြလေးတောင် ဖန်တီးခွင့်မပေးခဲ့ဘူး

အနင်းခံလှေကားထစ်ဖြစ်ကြပေမဲ့လည်း
တစ်ခါတစ်လေ ခြေလျှောခွင့်လည်း ပေးခဲ့ပါတယ်
ရပ်နေခွင့်နှင့် ဆက်လှမ်းခွင့်ကြားမှာ
လွင့်မျောသွားတဲ့စိတ်တွေကို
ပေါင်းစည်းစီးဆင်းခွင့်လည်း ပေးတတ်ပါတယ်။    ။

နရီထက်
( ၂၉ ၊ မတ်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Mar 29, 2011
Comment #1

အားပေးပါတယ်……

commentinfo By: May Kha at Mar 29, 2011
Comment #2

သည်ကဗျာသည် 2011 ဂျူလိုင်လထုတ် အပြင်စီးမဂဇင်း(မလေးရှား)တွင် ဖော်ပြခြင်းခံရသည်။

commentinfo By: Nayihtet at Oct 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment