Professional Authors

မဟုတ်ခဲ့ပါ…..

ဒီမျက်ဝန်းက  ရည်စူးနှစ်သက်
ကြည်နူးရက်ဆက်  ချစ်တတ်ခဲ့တာ
နှလုံးသားမှာ  ဒဏ်ရာတွေဖြစ်
နာကျင်ရစ်လို့  မင်းရှေ့မှောက်မှာ
သွေ့ခြောက်မျက်ရည်  စက်စက်ကြွေဖို့
ပက်သက်လေခြင်း  မဟုတ်ခဲ့ပါ…..။

ဒီနှုတ်ဖျားက  စကားခြွေဆင်း
ယုယခြင်းဖြင့်  ချစ်ခွန်းဝေတာ
ဟန်ဆောင်ကွယ်ဖုံး  အပြုံးအောက်က
ဆုံးမရှိချောက်  ဆင်း..၀င်ရောက်လို့
မင်းမုန်းသည့်ဒဏ်  ရင်နှင့်ခံဖို့
သွင်သစ်ဖန်ခြင်း  မဟုတ်ခဲ့ပါ….။

ဒီနှလုံးသား  ရီ(ရယ်) ပြုံးများမဲ့
အရှုံးများနဲ့  ချစ်နေမိတာ
ရက်လကြာလဲ  မကြင်နာရက်စက်
အဆက်ဖြတ်ကာ  မမြင်ချင်ဆုံး
         ပွေ့ပိုက်အပြုံး
မေ့လိုက်မုန်းဖို့  မဟုတ်ခဲ့ပါ……….။

In: ကဗျာ Posted By: Date: Mar 28, 2011
Comment #1

ဒီနှလုံးသား ရီ(ရယ်) ပြုံးများမဲ့
အရှုံးများနဲ့ ချစ်နေမိတာ
ရက်လကြာလဲ မကြင်နာရက်စက်
အဆက်ဖြတ်ကာ မမြင်ချင်ဆုံး
ပွေ့ပိုက်အပြုံး
မေ့လိုက်မုန်းဖို့ မဟုတ်ခဲ့ပါ……….။
အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Mar 28, 2011
Comment #2

ဒီနှလုံးသား ရီ(ရယ်) ပြုံးများမဲ့
အရှုံးများနဲ့ ချစ်နေမိတာ
ရက်လကြာလဲ မကြင်နာရက်စက်
အဆက်ဖြတ်ကာ မမြင်ချင်ဆုံး
ပွေ့ပိုက်အပြုံး
မေ့လိုက်မုန်းဖို့ မဟုတ်ခဲ့ပါ……….။

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment