Professional Authors

သို့ …. အတိတ်ဟောင်း

နင်မရှိတော့တဲ့နောက် ……
ငါ သိခဲ့ရတယ် *အချစ်စစ် ရဲ့ အတိမ်အနက်* ကိုပေါ့

နင်မရှိတဲ့နောက် ……
ငါ ကျေနပ်ခဲ့တယ် *ဆက်လက် ရှင်သန်နေခြင်း* အတွက်ကိုပေါ့

တကယ်တော့လည်း *ချစ်ခြင်း* ဆိုတာ
*ကြိုး* ၁ ချောင်းပါပဲ
တည်မြဲဖို့အတွက်ကို
*နင်* *ငါ* ၂ ယောက်ပေါင်းမှ ဖြစ်တည်နေမယ့် *ကြိုး(အချစ်)* ပါ

သူတကာပြောတဲ့ *ထိုက်တန်မှူမရှိဘူး* လည်း မဟုတ်ခဲ့ပါဘူး
သူတကာပြောတဲ့ *အနစ်မွန်းမခံစမ်းပါနဲ့* လည်း မဟုတ်ခဲ့ပါဘူး
သူတကာပြောတဲ့ *မေ့ပစ်လိုက်ပါ* ဆိုတာကလည်း *မ…ဖြစ်…နိုင်….ခဲ့…ပါ…ဘူး*။

တကယ်တော့
နင် နဲ့ ငါ ဟာ
ဝေးကွာခဲ့တာ မဟုတ်ခဲ့ပါဘူး …
ခြားနားသွားခဲ့တာပါ ..
အချစ်စစ်ကို တန်ဖိုးထားခဲ့သူ နဲ့ အချစ်ကို ကစားခဲ့သူအဖြစ်
တည်ရှိသွားခြင်းရယ်ပါ။

ဒီလိုပဲ
နင် ထင်နေမယ့် ငါ့ အသည်းကွဲခြင်းက
ငါ ချစ်ခဲ့တဲ့ နင်
ငါ မြတ်နိုးခဲ့တဲ့ နင်
ငါ့ကို စွန့်ပစ်သွားတဲ့ နင် ဟာ
*သူစိမ်းသူရံ* အဖြစ် တည်ရှိသွားမှာပါ အတိတ်ဟောင်းက ချစ်ဖူးခဲ့သူရယ်။

(၆-၆-၂ဝ၁၁)

In: ကဗျာ Posted By: Date: Jun 6, 2011
Comment #1

ကောင်းပါတယ်…မပန်းအိ
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jun 7, 2011
Comment #2

Thanks poem.poem28 —- 🙂

commentinfo By: pannei at Jul 8, 2011
Comment #3

နင် နဲ့ ငါ ဟာ
ဝေးကွာခဲ့တာ မဟုတ်ခဲ့ပါဘူး …
ခြားနားသွားခဲ့တာပါ ..
အချစ်စစ်ကို တန်ဖိုးထားခဲ့သူ နဲ့ အချစ်ကို ကစားခဲ့သူအဖြစ်
တည်ရှိသွားခြင်းရယ်ပါ။

Comment #4

wow,,,
100% right,
hote de,,,hote de,,

commentinfo By: ei lay at Feb 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment