Professional Authors

ခေါင်းစဉ်မဲ့ကဗျာ

လမ်းခွဲခြင်းကျောက်တိုင်မှာ

မှတ်ကျောက်တင်ခံရဖို့များ

မင်းကိုငါချစ်ခဲ့တယ်ထင်နေလား…..

 

အလွမ်းနဲ့မျက်နှာသစ်ပြီး

သတိရခြင်းတွေကငါ့ကိုဝါးမျိုသွားတာ

တနေ့ထက်တနေ့

ဒီရေတက်သထက်တက်လာတယ်

မဆုံးနိုင်ဘူး

 

မဆုံနိုင်မဲ့လမ်း

ငါခြေချပြီးမှတော့

ကြမ်းချင်လဲကြမ်းလွမ်းချင်လဲလွမ်းရမှာပေါ့

ငါပေးလိုက်တဲ့အချစ်

မေတ္တာအပြည့်နဲ့ဆိုတာတော့

ငါကျိန်ရဲတယ်

 

နှစ်ယောက်ပေါင်းမှ

တဘ၀ဖြစ်မယ်ဆိုတဲ့

သီအိုရီအရ

ငါ့နှလုံးသားကိုချကြွေးမိတာ

ငါမမှားဘူးထင်တယ်နော်

 

ကဲဘာလေ

ဆုတ်လဲစူးစားလဲရူး

မထူးမဲ့အတူတူတော့

ငါအရိုးမြေကျတဲ့အထိ

လမ်းခင်းလိုက်တော့မယ်……..

 

 

(ကာရံချို)သူ

In: ကဗျာ Posted By: Date: Mar 27, 2011
Comment #1

ဆုတ်လဲစူးစားလဲရူး
မထူးမဲ့အတူတူတော့
ငါအရိုးမြေကျတဲ့အထိ
လမ်းခင်းလိုက်တော့မယ်……..။…။

commentinfo By: SoFarAwayFromU at Nov 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment