Professional Authors

ခေါင်းစဉ်မဲ့ကဗျာ မှ

ချစ်သူ….
သင့်ရဲ့ချွန်ထက်တဲ့သွားတွေနဲ့
ငါ့ရင်ဘတ်ပေါ်မှာ
\”ချစ်တယ်\”ဆိုတဲ့စကားလုံးကို
ခပ်နာနာလေးဖိကိုက်ထားခဲ့ပါ….

ချစ်သူ….
ငါ့ကို ဂစ်တာတစ်လက်နဲ့
ဓားတစ်စင်းပဲပေးပါ
ငြိမ်းချမ်းရေးသံစဉ်တွေတီးခတ်ရင်း
အမှန်တရားအတွက်တိုက်ပွဲဝင်လိုက်ချင်လို့ ….

ချစ်သူ….
သုည ဆိုတဲ့ကောင်ကိုငါသဘောကျတယ်
ရာထူးကြီးကြီး၊တန်ဖိုးကြီးကြီးကောင်ပဲဖြစ်ဖြစ်
ဘာကောင်ပဲဖြစ်နေပါစေ
သုညက ဂရုမစိုက်တတ်ဘူး
သူ့ကိုမြှောက်ထိုးပင့်ကော်လာလုပ်သူမှန်သမျှ
သုညဖြစ်သွားအောင်လုပ်နိုင်စွမ်းရှိတယ်…..
(0 × 10=0)
(0× 999999999=0)

(လင်းခိုင်)

In: ကဗျာ Posted By: Date: Feb 22, 2013
Comment #1

oh. yes
excellent.
perfect.
that is.
i like so much the deinition of zero.
nice creation.
made me encourage alot.

commentinfo By: ei lay at Feb 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment