Professional Authors

နင့်အနားမှာ…….

 

မနက်မိုးလင်း

မျက်စိနှစ်ဖက်ပွင့်တာနဲ့

ခေါင်းထဲရောက်လာတာသူမအကြောင်းပဲ

 

ပိုင်ဆိုင်ခွင့်

ငါနဲ့မပက်သက်တော့တယ့်စကားလုံးလေး

သူမအချစ်ကိုမပိုင်ဆိုင်လို့ငါဝမ်းမနည်းဘူး

တကယ်ဆိုငါဟာအဖြည့်ခံသက်သက်

 

ငါတွေ့လိုက်တယ့်

သူမမျက်နှာလေး

သူ့ချစ်သူဘေးမှာချိုမြိန်လို့

နင်ဒီလိုပြုံးနေရင်ပဲ ငါကျေနပ်ခဲ့တာပါ ချစ်သူ……

 

လောက မှာဖြစ်ချင်တာတွေကမဖြစ်ပဲ

မဖြစ်ချင်တာပဲဖြစ်နေကြတာလား

ငါ့ရဲ့တစ်ခုတည်းသောဆုတောင်း

ဘာလို့မပြည့်ခဲ့ရတာလဲ

နင်သူ့ကြောင့်ကျတယ့်မျက်ရည်တွေကိုငါရင်နာတယ်ချစ်သူ

 

သူမကိုပုခုံးလေးတစ်ဖက်တောင်မငှားနိုင်တယ့်

ငါ့ကိုငါလည်းယူကြုံးမရဖြစ်မိတယ်

အတိတ်တွေကငါ့မျက်လုံးထဲမှာေ၀၀ါးရင်း

တစ်ချိန်တုန်းကအဖြစ်အပျက်လေးတစ်ခုသာမရှိခဲ့ဘူးဆိုရင်

တစ်ချိန်တုန်းကအဖြစ်အပျက်လေးတစ်ခုသာမရှိခဲ့ဘူးဆိုရင်

 

နင့်တော့မှတ်မိချင်မှမှတ်မိမှာပါချစ်သူရယ်

New Year မတိုင်ခင်၂၀၁၀ ရဲ့နောက်ဆုံးနေ့လေး

ပြင်ဦးလွင်ကခြောက်ထပ်ကွေ့မှာ

အက်ဆီးဒင့်တစ်ခုဖြစ်ခဲ့တယ်

လွင့်စင်သွားတယ့်ဆိုင်ကယ်ဘေးက

ကောင်လေးရဲ့ဝိဥာဉ်ဟာ

ကားပေါ်ကဆင်းလာတယ့်ကောင်မလေးရဲ့လက်ထဲမှာ

တိတ်တိတ်လေးလောကကြီးကိုစွန့်ခွာရင်း

New Year ကြိုဆိုခွင့်ကိုဆုံးရှုံးခဲ့တာလေ

ဒီအကြောင်းပြန်တွေးရင်မျက်ရည်ကျနေတုန်း

 

သူမကိုတွယ်တာတယ့်စိတ်နဲ့

သူမအနားမှာပဲနေခဲ့တယ်

ဒါပေမယ့်ချစ်သူ….

ငါ….သွားရတော့မယ်

လူ့လောက ကိုနောင်တစ်ချိန်ပြန်ရောက်လာရင်

ငါ……..

နင့်အနားမှာပဲနေချင်တယ်

In: ကဗျာ Posted By: Date: Mar 26, 2011
Comment #1

………………………………………………
ခံစားသွားပါတယ်…….

commentinfo By: အသဲကွဲမိုး at Mar 26, 2011
Comment #2

သူ့အနားလေးမှာ နေခွင့်၇ပါစေ……….ဆုတောင်းပေးလိုက်ပါတယ်

commentinfo By: genius.jinx28 at Mar 26, 2011
Comment #3

တကယ့်အဖြစ်အပျက်များလား နှင်းဖွေးလေး ရေ . . . .
အားပေးသွားတယ်နော်
ကဗျာလေးက ကောင်းပါသည် ၊၊ ၊၊ 🙂

commentinfo By: လမင်းဇော် at Mar 27, 2011
Comment #4

accident ကတကယ့်အဖြစ်အပျက်ဆိုပေမယ့်
အဲဒီလိုတော့မဟုတ်ပါဘူး
သာမန်accident လေးပါ
ကောင်လေးကတော့တကယ်ဆုံးသွားတယ်
အကယ်လို့အပြင်မှာအဲလိုအဖြစ်မျိုးတကယ်ရှိခဲ့ရင်တော့
သူ့အနားလေးမှာနေခွင့်ရပါစေလို့တော့ဆုတောင်းပါတယ်
comment အားလုံးအတွက်ကျေးဇူးပါ 🙁 🙁

Leave Comments

Name*

Email*
Website
Email me whenever there is new comment