ကိုယ်ရေးအကျဉ်း (Number1Princess)
ဟင့်အင်း။
ဟုတ်တယ်ဆိုတာ မဟုတ်ဘူး။
ရတယ်။
မရဘူးဆိုလည်း ဖြစ်တယ်။
ဘာအရေးလည်း
တုံးနဲ့တိုက်မှာလောက်တော့ ကြောက်မနေဘူး။
ငါကိုယ်တိုင်က ကျားတစ်ကောင် ဖြစ်တယ်။
အတိတ်ဟာ နေ့ဟောင်းမှာ လမ်းခွဲချန်ရစ်ခဲ့တယ်။
အနာဂတ်ဟာ နေ့သစ်မှာ အရောက်လာမယ်တဲ့။
ငါရှူနေတဲ့ ၀င်သက်ထွက်သက်သာ ငါ့ ပစ္စုပ္ပန်ပဲ။
လူငယ်တစ်ယောက် မလိုအပ်ဆုံးအရာတွေထဲမှာ
ပြဿဒါးနေ့တွေလည်းပါတယ်။
နောက်ပြီး….
ပျောက်နေတဲ့ နံရိုးတစ်ချောင်းရယ်
လမရှိတဲ့ ညတွေရယ်ပေါ့။
ငါဆိုတဲ့ကောင်ကလည်း ခေါင်းမာတယ်။
မယုံဘူးဆိုရင်.. ရှင်းကို မပြချင်ဘူး။
ဒါပေမယ့် တကယ်ပါ
ကမ္ဘာကြီးစောင်းတာ…ငါ့ပရောဂ မပါခဲ့ပါဘူး။
ဖြစ်နိုင်မယ်ဆို
ဘ၀ကို..အရိုးရှင်းဆုံး ဖြတ်သန်းချင်တာပါ။
အသက်တစ်ရာလည်း မနေရချင်
အမှုတစ်ရာလည်း မပွေရချင်သူပေါ့။
ဘာတန်ဆာပလာမှ မလိုပါဘူး။
င့ါစိတ်နဲ့ ငါ့ခန္ဓာ
ဗလာသက်သက် တည်ဆောက်ထားတယ်။
တစ်နေ့ ရှစ်နာရီ အိပ်ရရင်…လုံလောက်ပြီ။
Thursday Dec 25, 2008
10:50 PM
Comment #12
ငါက ကျားဆိုပေမယ့်
တုံးနဲ့တိုက်မှာကြောက်ခဲ့တယ်
ဘာလို့လည်းဆိုတော့……
ငါက ဖွတ်ကြား လေ…..။
;P…..
လူကြီးတစ်ယောက်အတွက်
မလိုအပ်ဆုံးအရာတွေထဲမှာ..
အိမ်က အဖွားကြီးထိပ်ဆုံးပဲ….
ပြီးတော့…
Expire ဖြစ်နေတဲ့ နံရိုးကြီးရယ်…
ည မှာသာတဲ့ လ တွေရယ်….။
ငါ ဆိုတဲ့ကောင်က
မာတဲ့နေရာမာ ပျော့တဲ့နေရာပျော့တယ်..
မယုံဘူးဆိုရင် ပုလင်းထောင်ကြည့်
ကင်းကောင်မျက်လုံးစောင်းတာ
မင်းကြောင့်တော့ မဟုတ်ဘူးထင်တယ်..။
ဖြစ်နိုင်ဆိုရင်
ဘဝမှာ အရိုးဟင်းပဲတော့ နေ့တိုင်းစားမနေချင်ဘူး..
အသက်တစ်ရာမနေရရင်တောင်
တစ်ရက်တစ်ခါတော့ မင်းပါးလေးနမ်းချင်တယ်..။
ဘာတန်ဆာပလာမှမလိုဘူး…
ငါ့စိတ်နဲ့ငါ့ခန္တာ
ဗလာသက်သက် လျှောက်ပြေးမယ်…
တစ်နေ့ရှစ်နာရီ ခွေးဆွဲမခံရရင် လုံလောက်ပြီ။
(ရယ်မောပြောရွှင်စေရန်သာဖြစ်ပါသည်။
လှောင်လိုစိတ် အလျှင်းမရှိပါ)
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #15
အရမ်းမိုက်တရ် ကဗျာ ကတော့
ဟုတ်ပါတရ်ကမ္ဘာကြီးလုံးတာတို့အပြစ်လဲဟုတ်ဘူးနော်
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #16
တော်လိုက်ကြတာဗျာ
ကျွန်တော်ကတော့မရေးတက်ဘူး
ထိမိတယ်ဗျာ
နောက်ထပ်အားပေးနေမယ်ဗျာ
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #17
ငါဆိုတဲ့ကောင်ကလည်း ခေါင်းမာတယ်။
မယုံဘူးဆိုရင်.. ရှင်းကို မပြချင်ဘူး။
ဒါပေမယ့် တကယ်ပါ
ကမ္ဘာကြီးစောင်းတာ…ငါ့ပရောဂ မပါခဲ့ပါဘူး။
………………..
……………
………….
စားသားလေးတွေက အရမ်းကောင်းတယ်
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #1
ဟုတ်တယ်။ ကမ္ဘာကြီးက သူ့ဘာသူ စောင်းတာ.. ဖြိုးပယောဂလည်း ပါဘူး..
(: