Professional Authors

ရုပ်သေးပုံပြင်

Venusရဲ့ စိုးမိုးမှုအောက်မှာ မှေးမှိန်နေတဲံငါ့ကံကြမ္မာ….
လွတ်မြောက်ဖို့လမ်းစရှာမရ…
အပျက်အဆီးနဲ့ဒဏ်ရာတွေကြားက….
ပြင်ပလေကိုရှုရှိုက်ဖို့ခက်…
ထွက်သက်ဝင်သက်တိုင်း ထိတ်လန့်နေရတဲ့ အသက်ရှုသံ…
ယောင်ပြီးလန့် မနိုးတဲ့ အိမ်မက်ဆိုးတွေကြားက..
မင်းက မုဆိုး ငါက သားကောင်…
ခြောက်လန့်ပစ်ခတ်လိုက်တဲ့ မြှားချက်တွေကြားမှာ..
ချောင်ပိတ်မိနေပြန်တော့…
ရုပ်သေးဆရာ မင်းရဲ့  စိတ်လိုရာကပြရတဲ့ ….
ပုံပြင်တစ်ပုဒ်ရှိခဲ့ ရင်…
ရင်ဘတ်ကို ရိုက်ခတ်တဲ့ လှိုင်းတံပိုးကို မာန်တင်းခံမယ်…..
ငါ့ကျောက်ဆောင် တည်သရွေ့ ။

In: ကဗျာ Posted By: Date: Dec 15, 2012
Comment #1

Tu nyi de myit tar yaung pyan hat hmar par shin.
🙂
😉

commentinfo By: ei lay at Dec 15, 2012
Comment #2

wow!

commentinfo By: မေပျို at Dec 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment