Professional Authors

နှင်းဆီဝါ တမ်းချင်း (စကားပြေ) – နရီထက်

ဖွဲမီးလေးတွေ မဟုတ်ပါ… အလွမ်းမီးလေးတွေကွဲ့…
နှင်းစက်လေးတွေ မဟုတ်ပါ… အဆွေးဒဏ်ချက်တွေပါ…
မိုးဖွဲဖွဲလေးတွေ မဟုတ်ပါ… မျက်ရည်စက်ကလေးတွေကွဲ့
လွမ်းခြုံဖို့ အဆွေးဓါတ်က မဖယ်ရှားနိုင်တော့… အရိုးဆွေးအောင် လွမ်းလျခဲ့တယ်
မင်းထားခဲ့တဲ့ ကိုယ်ရဲ့ လွမ်းညတွေအလယ်….။

လွမ်းမလောက်တဲ့ ဆောင်းညနောက်… အေးမလောက်အောင် စိမ့်နေပေမဲ့…
ရောက်မလာတဲ့ မင်းအရိပ်တွေကြား…
သေမလောက်အောင် ခံစားရတဲ့… ဆောင်းအိမ်မက်တွေရယ်…
သည်းထန်လှိုက်ဖိုတယ်… ဆောင်းညတွေရယ်…။

လွမ်းမတတ်အောင် ဆွေးစိတ်နှင့် အိပ်စက်ရတယ်…
မငိုတတ်အောင် ရင်ထဲမှာ ဆိုနင့်နေ၇တယ်…
ဖွင့်ပြောပြမတတ်အောင် သနားအောင် ငါ မလုပ်တတ်ဘူး…
ရပ်နေပါလို့ နင်ပြောချိန်မှာ ငါ အနား နင်လာတယ်
နေနှင့်ပါလို့ နင်ကို ပြောနေချိန်မှာ ငါ အနား ပြေးထွက်ရစ်တယ်…
မခေါ်တဲ့အချိန်မှာ နင်… ငါကို စကားလာပြောတတ်တယ်…
ငါ နင်ကို စကားတွေ တစ်ဝကြီး ပြောချင်တဲ့အချိန်မှာ အဝေးကို နင် လှည့်ထွက်ရစ်တယ်…

အိပ်မပျော်တဲ့ညတွေမှာ ငါကို…. အိပ်ဆေးသောက်ခိုင်းခဲ့တယ်…
နင်အိပ်မပျော်မှာ စိတ်ပူတတ်တဲ့ ငါကို မသနားတတ်ဘူး
နင်က ငါကို ပထမဆုံးချစ်သူ ပထမဦးဆုံးချစ်သူ စကားလုံးတွေနှင့် ငါကို အနိုင်ယူတယ်..
ငါက ချစ်တာကို ဖွင့်မပြောတတ်လို့လား…
အနိုင်မယူတတ်တဲ့ ငါကို နင်ရဲ့အေးစက်တဲ့ နှလုံးသားက ကြွေမွနေပြီး…

ငါ အဝေးကို ထွက်ပြေးချင်ပေမဲ့… ငါ့အနားမှာ နင်ကို အမြဲမြင်ချင်တယ်..
နင်က ငါကို ခွဲသွားမယ့်စကားလုံးတွေနှင့် ချည်နှောင်ထားတော့ …
ငါရဲ့ အားနည်းချက်တွေလား…
ငါ အရမ်း ၀မ်းနည်းတယ်ဟာ…
ငါကို နင် ချစ်ပြတတ်အောင်တော့ သင်ခဲ့ပေးပါ… နှင်းဆီဝါရယ်…
နှင်းဆီဝါကလေးရယ်… ငါကို ခွဲသွားမယ့်စကားလုံးတွေကို ထပ်မသုံးပါနဲ့တော့ဟာ…
ငါ မခံစားနိုင်တော့လို့ပါ…ဟာ

နရီထက်
စကားပြေ
(၂၇ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )

In: စကားပြေ Posted By: Date: Dec 27, 2010
Comment #1

ငါ အဝေးကို ထွက်ပြေးချင်ပေမဲ့… ငါ့အနားမှာ နင်ကို အမြဲမြင်ချင်တယ်..
နင်က ငါကို ခွဲသွားမယ့်စကားလုံးတွေနှင့် ချည်နှောင်ထားတော့ …
ငါရဲ့ အားနည်းချက်တွေလား…
ငါ အရမ်း ၀မ်းနည်းတယ်ဟာ…
ငါကို နင် ချစ်ပြတတ်အောင်တော့ သင်ခဲ့ပေးပါ… နှင်းဆီဝါရယ်…
နှင်းဆီဝါကလေးရယ်… ငါကို ခွဲသွားမယ့်စကားလုံးတွေကို ထပ်မသုံးပါနဲ့တော့ဟာ…
ငါ မခံစားနိုင်တော့လို့ပါ…ဟာ………../ ကို နရီထက်ရေ အရမ်းကောင်းတယ်ဗျို့ ..။

commentinfo By: နှောင်းလူ at Dec 28, 2010
Comment #2

ဖွဲမီးလေးတွေ မဟုတ်ပါ… အလွမ်းမီးလေးတွေကွဲ့…
နှင်းစက်လေးတွေ မဟုတ်ပါ… အဆွေးဒဏ်ချက်တွေပါ…
မိုးဖွဲဖွဲလေးတွေ မဟုတ်ပါ… မျက်ရည်စက်ကလေးတွေကွဲ့
လွမ်းခြုံဖို့ အဆွေးဓါတ်က မဖယ်ရှားနိုင်တော့… အရိုးဆွေးအောင် လွမ်းလျခဲ့တယ်
မင်းထားခဲ့တဲ့ ကိုယ်ရဲ့ လွမ်းညတွေအလယ်….။

ကို န၇ီထက် ကောင်းတယ်ဗျာ…. အားပေးနေတယ် ညီ

commentinfo By: genius.jinx28 at Dec 28, 2010
Comment #3

excellent…

ta khar hma ma pyaw par bu naw. (lan kwe me loh)

commentinfo By: ei lay at Sep 2, 2011
Comment #4

ကျွန်တော် တော်တော်နှစ်သက်မိပါ၏

commentinfo By: အသဲကွဲမိုး at Aug 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment