Professional Authors

ဖြန်း(မင်းလူန)

ဖုံးဖိရတာကိုက
ညှဉ်းပန်းနှိပ်စက်ခြင်းတစ်မျိုးလို
ငါကမောနေပြီ………………
ကြားကစည်းမှာ
အခွင့် အလမ်းတွေချောင်းချောင်းနေမိလို့ 
ငါကသားရေနားစားတဲ့ သူလို့ 
နာမည်တပ်ချင်လဲရှိစေတော့ 
အချစ်
မီးခိုးနဲ့ ချောင်းဆိုးခြင်းမျာ…………….
ဘယ်သင်းကပိုပြီးထွက်ပေါက်ရှာတက်လဲ
မင်းသိရဲ့ လား
ရာသီအမှီပွင့် ပွင့် ပြတက်တဲ့ 
ပန်းတစ်မျိုးထက်စာရင်
ငါ့ အချစ်ကသင်္ခါရကိုဘောင်ကျော်သလောက်တောင်ရှိနေပြီ…….
တူညီတဲ့ အကျိုးခံစားမှု့ အတွက်
မျက်စိတစ်မှိတ်အတွင်းပါးကလေးပူသွားတယ်
ဒါပဲလေ……………
နယူတန်နိယာမဆိုတာက
အဲ့ ဒါငါ့ ချစ်ခြင်းရဲ့ ဆုတစ်ခုပေါ့ ………..

In: ကဗျာ Posted By: Date: Mar 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment