Professional Authors

ငါတို့ ကျောချင်းကပ်ပြီး ဝေးကြရအောင်…

နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်မှ ဘ၀ကို လူတန်းစေ့နေနိုင်မယ်လို့ နင်ကတွေးတယ်..

ငါကတော့ ဟောဒီဇနပုဒ်မှာပဲ ဘ၀ကိုသက်တမ်းစေ့အောင် နေချင်တယ်..

ကမ္ဘာ့နိုင်ငံကြီးတွေအကြောင်း..

သူတို့သုံးတဲ့ စက္ကူတွေအကြောင်း နင်ကပြောနေချိန်..

ကလေးတစ်ယောက်လက်ထဲက လွတ်ထွက်သွားတဲ့ မိုးပျံပူပေါင်းလေးကိုကြည့်ပီး ငါက၀မ်းနည်းတယ်..

သေချာပါတယ်.. ငါက နင့်အတွက်တော့ ရီချင်စရာပဲမဟုတ်ပါလား..

In: ကဗျာ Posted By: Date: Aug 14, 2014
Comment #1

ငါ့အတွက်လည်း နင်ကရီချင်စရာပါပဲ ….

commentinfo By: ထူးဝေ at Aug 15, 2014
Comment #2

မိုက်တယ်..၊ ကူးသွားးဘီ

Comment #3

Like mite tal 🙂

commentinfo By: loafer at Aug 17, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment