Professional Authors

အန်စာ ပေပါ

ရှင်းပြပါဆိုရင်
မင်းထင်သလိုမဟုတ်ဘူး ညီ
စိတ်ကူးတစ်ခု လက်လွတ်စပယ်အသက်သွင်းခဲ့ခြင်းမှာ
ငါ လိပ်ပြာလုံခဲ့တယ်

ဘယ်တော့ဖြစ်ဖြစ်
စနေသားတွေ တည်တဲ့မြို့ဟာ
တစ်လမ်းမောင်းတွေပဲ

ကျေးဇူးပြု၍
ခွဲခြားမြင်ပေးပါ

အနူအရွဲကို တွဲခေါ်နေတာမဟုတ်ဘူး
ချည်ပြီးတုပ်ပြီး တောထုတ်ပစ်ဖို့ပဲ

မင်းလည်းမြင်တယ်မဟုတ်လား ညီ

ရွာအပြင်က သန္ဓေယုတ်
ရုပ်ဖျက်ပြီး
အပုပ်အသိုး ထမင်းထုပ်တွေနဲ့
လာနေပြီဆိုတာ။

In: ကဗျာ Posted By: Date: Mar 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment