Professional Authors

နှစ်သစ်ကြွေးကြော်သံ

လာ… သူငယ်ချင်း
သွားရအောင်ကွာ
နှစ်ဟောင်းမှာ ရင်ပူခဲ့ပေမယ့်
နှစ်သစ်မှာ ရင်မဆူစေဖို့..
ဟိုမှာ..
ရောင်နီတွေတောင် လာနေပြီ…

ဟိတ်…သူငယ်ချင်း
အတိတ်ပန်းချီကား
ခုတ်ရာတစ်ခြား ရှရာတစ်လွဲ
အလဲလဲအပြိုပြိုနဲ့
မှောင်မိုက်မှာ ငိုခဲ့သေးလား..

အချစ်မှာကံခေ
မေတ္တာပြန်မခြွေလို့
သစ္စာဒဏ်တွေကော
ပိခဲ့သေးလား..

ဒါမှမဟုတ်
ပကာသနတွေနဲ့ရှုပ်
သဘာဝဓမ္မကိုမေ့
တရားမမွေ့ခဲ့လို့
ဆွေးဆွေးမြေ့မြေ့
ခံစားနေရသလား..

ထားလိုက် သူငယ်ချင်း..
အတိတ်ဆိုတာ
စိတ်ရှုပ်ခံဖို့မဟုတ်
လက်ရှိဇာတ်ရုပ်ကို
ဘ၀င်ချမ်းသာအောင်
သင်ခန်းစာ ယူဖို့ မဟုတ်လား..

ဟိုမှာ..
ရောင်နီတွေတောင် လာနေပြီ..
လာ… သူငယ်ချင်း
သွားရအောင်ကွာ
နှစ်ဟောင်းမှာ ရင်ပူခဲ့ပေမယ့်
နှစ်သစ်မှာ ရင်မဆူစေဖို့…။

In: ကဗျာ Posted By: Date: Jan 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment