မင်း..မသိလိုက်တဲ့…သေချာမှုတွေ
မျှော်လင့်ချက်တွေနဲ့ 
အသက်တွေဆက်နေရတာ
ကြယ်မမြင်လမမြင်နေ့ ရက်တွေက
ဒုနဲ့ ဒေး ပါ…
ရေသေအိုင်တစ်ခုရဲ့ လူးလွန့် ခြင်းမှာ
လှိုင်းတံပိုးတွေပါကောင်းပါရဲ့ 
မိုးတွေကတော့.စဲသွားပြီ
အရောင်တူရင်တော့
သက်တံ့တစ်စင်းတော့ မြင်ရကောင်းပါရဲ့ ကွယ်….
တစ်ခါတရံ ပြေးလွှားနေတဲ့အတွေးတွေက
ပန်းတိုင်မရှိတဲ့ ကစားပွဲတစ်ခုလိုပဲ
မောတာပဲအဖက်တင်တယ်…
ဥသြသံတွေကြားရင် ပြန်လာခဲ့ပြီဆိုတာ
ငါ..အလွတ်ကျက်ထားတဲ့ ကဗျာတစ်ပုဒ်ပါ..
ချစ်သူ
မင်း..ထားသွားတဲ့ ဘူတာလေးကတော့
တစ်ယောက်ထဲ လက်ပြနှုတ်ဆက်နေရင်းလေ….
အော်..အခုတော့
ဝေးခဲ့ကြပြီဆိုတာ
သေချာမှုတခုပဲလို့ 
ငါ…ရေးတက်ခဲ့ပြီ…………..
Comment #2
ဝေးရမယ်ဆိုတာသေချာပါတယ်
လူတိုင်းတစ်နေ့တော့ဝေးရမှာလေ
ဥသြသံကြားတိုင်းမမျှော်ပါနဲ့ဗျာ
မျှော်သူမောရမှာပေါ့နော်
ပန်းတိုင်မရှိတာကတော့ ပြောမနေနဲ့
အယောက်100မှာ95ယောက်လောက်ရှိတယ်
စိတ်ဓာတ်မကျပါနဲ့ဗျာ
အမောတွေပြေစေဖို့
သက်တံ့လှလှလေးတွေမြင်နိုင်ပါစေဗျာ………..
By: myboy at Jul 29, 2011
Comment #3
မျှော်လင့်ချက်တွေနဲ့ 
အသက်တွေဆက်နေရတာ
ကြယ်မမြင်လမမြင်နေ့ ရက်တွေက
ဒုနဲ့ ဒေး ပါ…
အားပေးသွားပါတယ်။
By: poem.poem28 at Jul 29, 2011
Comment #4
ကောင်းတယ် ကဗျာတစ်ပုဒ်လုံးကြိုက်တယ်
တစ်ခါတရံ ပြေးလွှားနေတဲ့အတွေးတွေက
ပန်းတိုင်မရှိတဲ့ ကစားပွဲတစ်ခုလိုပဲ
မောတာပဲအဖက်တင်တယ်…
ဒါလေး ပိုကြိုက်၏
အားပေးနေတယ်နော်…..ဆက်ဆွဲထားမယ်။
By: မယ်မနော at Jul 29, 2011
Comment #5
all of ur poems r miss so much naw.
sometimes,i want to cry.
By: ei lay at Jul 31, 2011
Comment #6
ရေသေအိုင်တစ်ခုရဲ့ လူးလွန့် ခြင်းမှာ
လှိုင်းတံပိုးတွေပါကောင်းပါရဲ့ 
မိုးတွေကတော့.စဲသွားပြီ
အရောင်တူရင်တော့
သက်တံ့တစ်စင်းတော့ မြင်ရကောင်းပါရဲ့ ကွယ်….။။
ကောင်းပါတယ်….။
By: ဆည်းဆာ at Aug 2, 2011
Comment #8
awwwwwwwwwww
awwwwwwwwww
By: ei lay at May 6, 2012




Comment #1
တစ်ခါတရံ ပြေးလွှားနေတဲ့အတွေးတွေက
ပန်းတိုင်မရှိတဲ့ ကစားပွဲတစ်ခုလိုပဲ
မောတာပဲအဖက်တင်တယ်…