Professional Authors

ဆုတောင်းပါ………

တီဗွီကိုဖွင့်ကြည့်ဖို့
အခုတလော သတ္တိမရှိချင်ဘူး
အနိဋ္ဌာရုံတွေက
ရေပန်းစားနေတယ်
ငတ်မွတ်ခေါင်းပါးတဲ့ကလေးတွေရဲ့ငိုသံတွေ
စစ်မြေပြင်ကစစ်သားတွေရဲ့နွမ်းဟိုက်တဲ့မျက်နှာတွေ
အားလုံးက ငါ့ကိုညတွေမှာအိပ်ပျက်စေတယ်
မဆိုင်သလိုမနေတတ်တော့လည်း
စိတ်တွေကလေးလံလို့ပေါ့…….
ဒီအခြေအနေဆိုးတွေရဲ့နောက်မှာ
ကံကြမ္မာနေသာတဲ့နေတဲ့နေ့တွေေ၇ာက်လာမှာပါ…
ကိုယ်ကိုယ်တိုင်တောင်မနည်းရုန်းကန်နေရတဲ့အချိန်မှာ
တတ်နိုင်တာတခုပဲရှိတော့တယ်
ဖြစ်လာသည်ဖြစ်စေ
မဖြစ်လာသည်ဖြစ်စေပေါ့
မျက်လုံးလေးကိုမှိတ်လို့
ကမ္ဘာပေါ်ကဒုက္ခသည်တိုင်းအတွက်…………
ပြီးတော့  လူသားတိုင်းအတွက်
ဘုရားရှင်ဆီကိုဆုတခုတောင်းပေးဖို့ပါပဲ……………။                    ။

In: ကဗျာ Posted By: Date: Mar 19, 2011
Comment #1

exccellentttttttttttttttttttttttttttt
excellentttttttttttttttttttttttttttt

commentinfo By: ei lay at Jan 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment