Professional Authors

သတိ၇တိုင်း..ဆုတောင်းပါတယ် ချစ်သူ

အနောက်ကနေ ခေါ်သံကြားတိုင်း အ၇င်တုန်းကလိုပဲ…
လှည့်ကြည့်မိတယ်…
သြော်…အခုဆိုတာ အ၇င်တုန်းကလိုမှ မဟုတ်တာ…

လမ်းသွား၇င်း..ခြေသံကြားတိုင်း အတိတ်ကလိုပဲ……
လှည့်ကြည့်မိတယ်….
သြော်…အတိတ်ဆိုတာ..ပစ္စုပန်မှ မဟုတ်တာ

ပြုတ်ကျနေတဲ့ ငါ့ဖိနပ်ကြိုးလေး အ၇င်တုန်းကလိုပဲ…
နင်ချည်မပေးနိုင်တော့ဘူးပေါ့…….

အတန်းတက်၇မှာ ပျင်းတဲ့ငါ့ကို ဟိုတုန်းကလို…
အတန်းထဲထိလိုက်မပို့နိုင်တော့ဘူးပေါ့….

မငိုတတ်တဲ့ငါ့ကို ဟိုအ၇င်လို…
ငိုတတ်လာအောင် မနောက်နိုင်တော့ဘူးပေါ့….

ဘာလို့..နင့်သဘောနဲ့နင် ထွက်သွားတာလဲ…
ငါခွင့်ပြုလို့လား…ငါခွင့်ပြုမိလို့လား…

နင်လိမ်တယ်..နင်ပြောတော့..ငါနဲ့တူတူနေမယ်ဆို…
ခုကျတော့..ငါ့ကိုတစ်ယောက်တည်း..
ဘာလို့…ထားခဲ့တာလဲ….

အ၇င်တုန်းကလို ..ဟိုတုန်းကလို…
ကြင်နာတာတွေ..ယုယတာတွေနဲ့…
ပြန်မလာနိုင်တော့လား?….

အလွမ်းတွေ..အမှတ်တ၇တွေနဲ့..
ငါ့ကို တစ်ယောက်တည်း ထားခဲ့တာလား?….

မုန်းတယ်..နင်ကတိမတည်ဘူး…
လျှောက်နေတဲ့လမ်း…တစ်ဝက်တောင်မ၇ှိသေးဘူးလေ..
ဘာလို့လှည့်ပြန်တာလဲ…

ဒီနေ၇ာမှာ…ငါတစ်ယောက်တည်း၇ပ်နေ၇မှာလား?……
နင်ပြန်လာမှာလား?…

အချိန်တွေကေ၇ွ့လျားနေတယ်..
အ၇င်တုန်းကနဲ့အခု…
အတိတ်နဲ့ပစ္စုပန်…
ဖြစ်ပြီးခဲ့တာတွေကိုလဲ…
လေထဲမှာ ဖြန့်ကြဲထားတယ.်…

ဒါပေမယ့်….
တစ်ချို့တစ်ဝက် ကျန်နေသေးတယ်လေ…

ပဲ့ကိုင်၇ှင်၇ယ်…
ဘာကြောင့်..ခြောက်လှန့်ခဲ့၇တာလဲ?….
မ၇က်စက်လွန်းဘူးလား…ဖြေပါဦး…

နင်မဆိုင်သလိုထွက်သွားတယ်…
မျက်၇ည်တွေနဲ့ငါ့နှလုံးသားလေးက
ဘယ်သူ့၇င်ခွင်မှာ
သွားငို၇မှာလဲ

နင်ပြန်လာဖို့..ငါဆုမတောင်းတော့ဘူး..
ဒါပေမယ့်…..
ငါ့နှလုံးသားထဲက ထွက်သွားဖို့တော့
တောင်းဆိုပါတယ်…

ဘု၇ားသခင်…အကျွန်ုပ်ဆီ ကျေ၇ာက်လာမယ့်…
ကံကောင်းခြင်းတွေ..ထိုသူ့ဆီ..
ပုံအပ်ခြင်းဖြင့်…
အကျွန်ုပ်အား…
ကောင်းချီးပေးပါ….

                          (ဘု၇င်မ မာယာ)

In: ကဗျာ Posted By: Date: Jun 28, 2011
Comment #1

နင်ပြန်လာဖို့..ငါဆုမတောင်းတော့ဘူး..
ဒါပေမယ့်…..
ငါ့နှလုံးသားထဲက ထွက်သွားဖို့တော့
တောင်းဆိုပါတယ်…
ဘုရင်မမာယာ…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 28, 2011
Comment #2

“ပဲ့ကိုင်၇ှင်၇ယ်…
ဘာကြောင့်..ခြောက်လှန့်ခဲ့၇တာလဲ?….
မ၇က်စက်လွန်းဘူးလား…ဖြေပါဦး…”
“ဘု၇ားသခင်…အကျွန်ုပ်ဆီ ကျေ၇ာက်လာမယ့်…
ကံကောင်းခြင်းတွေ..ထိုသူ့ဆီ..
ပုံအပ်ခြင်းဖြင့်…
အကျွန်ုပ်အား…
ကောင်းချီးပေးပါ….”
အရမ်းကောင်းပါတယ် ညီမလေးရေ
အားပေးသွားပါတယ်။။

commentinfo By: အလွမ်း at Jun 28, 2011
Comment #3

နင်ပြန်လာဖို့..ငါဆုမတောင်းတော့ဘူး..
ဒါပေမယ့်…..
ငါ့နှလုံးသားထဲက ထွက်သွားဖို့တော့
တောင်းဆိုပါတယ်…

ဘု၇ားသခင်…အကျွန်ုပ်ဆီ ကျေ၇ာက်လာမယ့်…
ကံကောင်းခြင်းတွေ..ထိုသူ့ဆီ..
ပုံအပ်ခြင်းဖြင့်…
အကျွန်ုပ်အား…
ကောင်းချီးပေးပါ….

အ၇မ်းကောင်းတဲ့ ဆုတောင်းလေးပါပဲ…အားပေးနေတယ် မ…

commentinfo By: ညမိုးသည်း at Jun 28, 2011
Comment #4

ရင်ထဲထိသွားတယ် အမရေ နောက်လဲဆက်ရေးပါဦးနော်

commentinfo By: အိမ်မက်နွေ at Jun 28, 2011
Comment #5

အားပေးသွားတယ်….။

Comment #6

ကဗျာက သိပ်ရှည်လွန်းတယ်။ရေးချင်တဲ့ အချက်တွေက များတော့ သိပ်မပီတော့ဘူး။
နောက်တိုတိုနဲ့ ရင်ထဲထိသွားမယ့် ကဗျာမျိုးရေးပါလား………………….အကြံပေးတာနော် မာယာ။

commentinfo By: sawral at Jun 28, 2011
Comment #7

ဟဲ့ နင်ကတော့ လုပ်ချလိုက်ပြန်ပြီ……………
ကလေးတေါ ဖျားသွားဦးမယ်နော်……………။

commentinfo By: mamg at Jun 29, 2011
Comment #8

အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်..

commentinfo By: ဘု၇င်မ မာယာ at Jul 22, 2011
Comment #9

harrrrrrrrrrrrrrrrrrrr
eeeeeeeeeeeeeeeeee
nice poem with strong feeling.
don’t feel depress,mar yar.
if u really love him,.find the inconvenient reasons between u & he.
never forget,,,,all true love always meet difficulties.

commentinfo By: ei lay at Jan 5, 2012
Comment #10

ta ti ya tine myit tar poh par de,,,,,,,,
ta ti ya tine su taung pay par de,,,,,
ta ti ya tine diary yae par de,,,,
ta ti ya time poems tway ne a lwan phyay par de,,,,

commentinfo By: ei lay at Jan 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment