Professional Authors

ကျောင်းတော်ကြီး

မိုးရေချိုးထားတဲ့အမိကျောင်းတော

်ကြီးက
စိန်ပန်းတွေနဲ့နီနေတဲ့ကွင်းပြင်ထဲကနေ
ငါတို့ကိုငုံ့ကြည့်နေတယ်
တချိန်ကသူ့ရင်ခွင်မှာခိုလှုံသွားခဲ့ဖူးတယ်လို့
အသိအမှတ်ပြုရုံပါပဲ။
အဖြူအစိမ်းနဲ့ငယ်ဘ၀ကပုံ၇ိပ်တွေ
မပီဝိုးတ၀ါးအိပ်မက်လိုလိုပါ….
ထားခဲ့ဖူးတဲ့မျှော်လင့်ချက်တွေနဲ့
ထမ်းခဲ့ဖူးတဲ့၇ည်မှန်းချက်တွေ
ပြည့်စုံသည်ဖြစ်စေ
မပြည့်စုံသည်ဖြစ်စေပေါ့
ငါတို့အားလုံး
ဒီကျောင်းတော်ကြီးမှာတော့
ပျော်ခဲ့ကြပါတယ်လေ။                   ။

In: ကဗျာ Posted By: Date: Sep 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment