Professional Authors

***မြူ….နှင်း….ဝေ….ဝေ…..***

***မြူ….နှင်း….ဝေ….ဝေ…..***

 

ဒီနေ့ နှင်းတွေအရမ်းကျနေတယ်… မြူ

ဟိုအရင်တုန်းကအတိုင်းပဲ

ဘာမှမပြောင်းလဲဘူး

နင် နဲ့ ငါ နဲ့ အတူတူလျှောက်ခဲ့တဲ့

လမ်းလေးကလဲ အရင်အတိုင်းပဲ….

ညီမလေးတစ်ယောက်လို 

နွဲ့ဆိုးဆိုးတတ်တဲ့ နင်နဲ့ 

အကိုတစ်ယောက်လို အလိုလိုက်ရတဲ့ ငါ 

နင် ဆိုးသမျှခံပြီး နင်ခေါ်တဲ့နောက်လိုက်ခဲ့ရတယ်

အခု…

နင်မခေါ်ပဲ ငါရောက်နေပြီ….မြူ

ငါလေ…နင်အရမ်းကြိုက်တဲ့

နှင်းပန်းလေးတွေ ခူးလာတယ်……

အပြင်မှာ အခုထိ

နှင်းတွေကျနေတုန်းပဲ…မြူ

နင်သာရှိရင် တော်တော်ပျော်မှာပဲနော်

နင်ပြောခဲ့တဲ့စကားလေးတစ်ခွန်းအတိုင်း

ငါ နင့်ဆီကို တစ်နှစ်တစ်ခေါက် လာခဲ့ပါတယ်……

နင်ငါ့ကို လာမကြိုနိုင်ပေမယ့်

ငါ နင့်ကို လာနှုတ်ဆက်ခဲ့ပါတယ်…မြူ

နောက်တစ်ခါ ငါလာရင် 

နင် အရမ်းကြိုက်တဲ့

နှင်းပန်းလေးတွေ ထပ်ယူလာခဲ့မယ်နော်

ငါ သွားတော့မယ်……

နင်တစ်ယောက်တည်း အေးအေးချမ်းချမ်းနေခဲ့တော့..မြူ

ငါ့ရင်ထဲ ငါ့နှလုံးသားထဲမှာ 

နင်က အမြဲတမ်း တစ်ဘ၀လုံးအတွက်

ထာဝရ သူငယ်ချင်းအဖြစ် ရှိနေမယ်ဆိုတာတော့

နင် အကြွင်းမဲ့ ယုံကြည်ပါ…မြူ ……………..။     ။

In: ကဗျာ Posted By: Date: Mar 18, 2011
Comment #1

ကောင်းတယ်ဗျာ…..ရင်ထဲတောင်နင့်သွားတယ်….

commentinfo By: E-than at Dec 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment