Professional Authors

ကဗျာသို့ (ကဗျာမဟုတ်)

ကဗျာ
ငါနင်နဲ့အတူ ရင်ကွဲခဲ့ဖူးတယ်
ပက်ပက်စက်စက်လည်း နင့်ကို အဖော်ပြု
ငိုခဲ့ဖူးတယ်…….

ကဗျာ
ငါ အခု နင့်ကို ခုတုံးလုပ်ပြီး
ငါ့ကိုယ်ကျိုးအတွက် အသုံးချနေမိပြီ
ကဗျာ…..
———————-

ပြုံး၊ ရီ၊ ငို၊ မဲ့
ဝေဒနာအစုံ ခံစားဖူးလည်း
 ခုံမင်မြတ်နိုး ဒီချစ်ခြင်းကို
ရင်မှာ ထွင်းဖောက်
ကျောက်အက္ခရာတင်ထားသည်မို့

အမုန်း၊ အဆွေး၊ အခါး
ဒီသုံးရပ်ကို သိသော်ငြားလည်း

ဒီကောင့်ရင်မှာ
နောက်တစ်ခါ
 အချစ်ဆိပ်ပန်း
ပွင့်ဖူးကြွားဝင့်နေခဲ့ပြီ……….

————————–
ကဗျာ
ခြေတစ်လှမ်း စကတည်းက
နောက်တစ်လှမ်းဆုတ်ဖို့
ငါ ဘယ်တော့မှ မစဉ်းစားခဲ့ဘူး

ငါ့ရဲ့ဇက်သာ ပြတ်သွားပါစေ
ငါ ဒူးထောက်အရှုံးပေးမှာ
မဟုတ်ဘူး ကဗျာ …..

ငါ့ရဲ့ ဘေးနား အနည်းဆုံးတော့
နင်ရှိနေသေးတယ် …. ကဗျာ

ငါ နင့်နဲ့ ပတ်သက်ပြီးတော့
နောင်တကင်းတယ် …. ကဗျာ

Comment #1

ကျေးဇူးတင်ပါတယ် ဇာတိရာ………. လာရောက်အားပေးသွားလို့

Leave Comments

Name*

Email*
Website
Email me whenever there is new comment