Professional Authors

————ပန်း————

ရှေးစာဆိုတို့
ဖွဲ့သီကျူးတဲ့ ……….စံပယ်ပန်းငယ်
အပွင့်နုပ်လည်း
ဖြူစင်မှုဂုဏ် …….ရနံ့လှိုင်ကြောင့်
စံပယ်တို့ဂုဏ်
ကဗျာ့သမိုင်းထဲ …….ကြူမွှေးခဲ့သည်။

ပန်းဆိုတာ ပွင့်ဖူး
ရနံ့ထူးတာ ဓမ္မတာမို့လား………

ခုများတော့ဖြင့်
ဓမ္မတာကျိုးပေါက်
ပန်းတို့သစ္စာ
ငွေရေလောင်းလို့
ပျက်ယွင်းခဲ့ပီ

ဖူးသော် ယိုင်
ပွင့်သော် (ရနံ့)ပြယ်………

(ပန်းဆိုတာ ပွင့်ဖူး
ရနံ့သစ်ဝေတာ ဓမ္မတာမို့)

ကဗျာ့ရင်ခွင် သမိုင်းတလျှောက်
မွှေးပျံ့ခဲ့သော ပန်းတို့ဂုဏ်လည်း
လျှောကျ ပျက်စီး
တန်ဖိုးမဲ့လာလေပီ……………
…………………………..
……….

(17-3-2011)
လိပ်ပြာ

Comment #1

အဲ့ဒီပန်းတွေ လန်းနေမြဲ
စန်းနေမြဲ စိမ်းနေစဲ
လွမ်းရေးလောက် ၀မ်းရေးတွေခလောက်လို့
သူတို့ခင်မျာ ကြေးစားတွေပါ
ပေါက်ပေါက်ရှာရှာဗျာ
ကြေးစားတိုင်းကို ၀ါသနာပါဟန်
အများအမြင်မှာ ဒါလား စပယ်
မရမ်းစေချင်စေချင်ပါဘူး……..

commentinfo By: nate thit at Mar 17, 2011
Comment #2

ခုများတော့ဖြင့်
ဓမ္မတာကျိုးပေါက်
ပန်းတို့သစ္စာ
ငွေရေလောင်းလို့
ပျက်ယွင်းခဲ့ပီ

ဖူးသော် ယိုင်
ပွင့်သော် (ရနံ့)ပြယ်………
…….
…….
အဲ့ဒီပန်းတွေရဲ့ အလှဂုဏ်
ရနံ့ဂုဏ် တွေကို
အမျိုးမမှန် အပင်မသန်စေရန်
ငွေရေလောင်းချင်ကြတဲ့
မြက်နုကြိုက် နွားအို
နွားပျို နွားချိုကျိုး
နားရွက်ပဲ့တွေအကြောင်းကိုလည်း
စာစီကာချပြပေးပါဦး
အားပေးနေပါတယ်ဗျာ..

commentinfo By: nate thit at Mar 25, 2011
Comment #3

ရှေးစာဆိုတို့
ဖွဲ့သီကျူးတဲ့ ……….စံပယ်ပန်းငယ်
အပွင့်နုပ်လည်း
ဖြူစင်မှုဂုဏ် …….ရနံ့လှိုင်ကြောင့်
စံပယ်တို့ဂုဏ်
ကဗျာ့သမိုင်းထဲ …….ကြူမွှေးခဲ့သည်။

commentinfo By: မယ်မနော at Apr 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment