Professional Authors

အမှတ်တရ နာဂစ်နှစ်ပြည့်

နာဂစ်ရဲ့ ပြင်းထန်တဲ့ရိုက်ချက်
ရင်မချိအောင် ခံခဲ့ရ
လူအများ သေကြေပျက်စီးကြ
ဒါဟာ လောကဓံတရားကို အံတုလို့ရမလား
မဖိတ်ခေါ်ပဲ လူအများဆီ သေခြင်းတရားရောက်ရှိလာခဲ့
မည်သူမှ အဆင်သင့်မဖြစ်ခင် ရင်ဆိုင်ခဲ့ကြရ
အဆင်မပြေမှုတွေများနေတဲ့ အချိန်မှာ
မထင်မှတ်တဲ့အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်ခဲ့
သူငါ အများ မထင်ငြား သူကား
အမှန်ရောက်လာသည်
ကွဲပြိုတတ်ငြား၊ ထိုတရား၊ ထင်ရှားပြိုကွဲမည်
ပျက်စီးတတ်ငြား၊ ထိုတရား၊ ထင်ရှားပြိုကွဲမည်
ငါ့ဆွေမျိုးသာ ပျက်စီးရာ မှတ်စွာမဟုတ်ပြီ
သူ့အမျိုးကိုယ့်အမျိုး ပျက်စီးရိုး သေမျိုးထုံးစံညီ
တစ်ရွာတည်းသာ ပျက်စီးရာ မှန်စွာ မဟုတ်ပြီ
ရွာဟူသမျှ ပျက်စီးကြ သေရထုံးစံညီ
မြို့ဟူသမျှ ပျက်စီးကြ သေရထုံစံညီ
စကြ၀ဠာ ဘုံသုံးရွာ သေရာ မလွတ်ပြီ
တရားသဘော ကြံတွေးတော မှန်သော သံဝေရည်….

In: ကဗျာ Posted By: Date: Jul 28, 2010
Comment #1

ကွဲပြိုတတ်ငြား၊ ထိုတရား၊ ထင်ရှားပြိုကွဲမည်
ပျက်စီးတတ်ငြား၊ ထိုတရား၊ ထင်ရှားပြိုကွဲမည်
ငါ့ဆွေမျိုးသာ ပျက်စီးရာ မှတ်စွာမဟုတ်ပြီ
သူ့အမျိုးကိုယ့်အမျိုး ပျက်စီးရိုး သေမျိုးထုံးစံညီ
တစ်ရွာတည်းသာ ပျက်စီးရာ မှန်စွာ မဟုတ်ပြီ
အဲ့နာလေးကိုအရန်ကြိုက်တာပဲကာရန်ဆက်တော်တယ်နော်
ကျွန်တော်ကိုလဲလာဝေဖန်ပေးပါနော်

commentinfo By: bobon010 at Dec 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment