Professional Authors

အငြိုးတွေနဲ့မိုး

 

ဒီမိုး အငြိုးတွေပါတယ်မပြောနဲ့

အဲ့ဒါ နင်ကိုယ်တိုင်ဖန်တီးတဲ့ မိုး

ဒီမိုးအငြိုးနဲ့…နင့်တစ်ယောက်တည်းအတွက်ရွာမယ်

ဒီအငြိုး..တသက်လုံးရွာမယ်..

ရာသီတွေလည်နေသရွှေ့

သစ်တောတွေရှိနေသရွှေ့

မြစ်ချောင်းတွေရှိနေသရွှေ့

ပင်လယ်တွေရှိနေသရွှေ့

သမုဒ္ဒရာတွေရှိနေသရွှေ့

ကမ္ဘာတည်နေသရွှေ့

ငါ့အငြိုးတွေနဲ့ မိုး.. ငါ့အငြိုးတွေပါတဲ့မိုး

ငါကိုယ်တိုင် ရွာသွန်းလိုက်မယ်

နင့်အတွက်။

 

In: ကဗျာ Posted By: Date: Mar 12, 2011
Comment #1

မိုး..အချိန်အခါမဟုတ်လည်း ငါ့ရင်ထဲသည်းတယ်
မိုး….ရာသီအကူးအပြောင်း ငါ့ရင်ခွင်မှာ မရှိတယ်…
မိုး….စိုပါစွတ်ပါ သည်းထန်ပါ……..
ငြိုးချင်ငြိုး…….ဆိုးချင်ဆိုး……နင် မလိုချင်လည်း အေးမြနေစေချင်လို့…
……………..နင့်ကောင်းကင်ထဲ…အမြဲ..ငါ့အလွမ်း တို့ သည်းထန်မယ်……..
………..
အမ ရွှေငါး ရေ……အားပေးသွားတယ်..
အပြင်မှာ မိုးရွာနေတယ်……အမြဲအားပေးနေတယ်
……..
.. 😀 😀

commentinfo By: အသဲကွဲမိုး at Mar 12, 2011
Comment #2

မိုးရွာရင်မိုးရေချိုးမယ်

commentinfo By: မင်းလူန at Mar 12, 2011
Comment #3

အားပေးနေတယ်…မိုး၇ွာနေတာနဲ့တော့ အတော်ပဲဗျာ

commentinfo By: genius.jinx28 at Mar 12, 2011
Comment #4

ခစ်ခစ်

ကဗျာဆြာမဂျီး လုပ်တော့မို့လား
ကောင်းတယ် ကောင်းတယ်

ချသာချ

😀

commentinfo By: ငါးမူးစေ့ at Mar 12, 2011
Comment #5

အားပေးသွားတယ်ဗျာ…. အမြင်ကတ်လဲ မတတ်နိုင်ဘူး…

Comment #6

နင့်အတွက် ရွာမယ့် ကွက်ကြားမိုးကို…….အများသိအောင်ကြိုပြောပေးပါ
……ထီးယူလာဖို့ပါ……..

commentinfo By: nate thit at Mar 19, 2011
Comment #7

😛

commentinfo By: ရွှေငါး at Mar 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment