Professional Authors

ချစ်နေအုံးမည်

အရင်ကဆို
ဒီညလို ရင်ခုန်စရာမကောင်းဘူး
တိတ်ဆိတ်ငြိမ်သက်
တစ်ယောက်နဲ့ တစ်ယောက်
မိတ်ဆက်နေရတယ် … ။

အခုဆို မနက်ဖြန်တိုင်း
သက်တန့် တွေနဲ့ချစ်သူအပြုံးဟာ
ကြည်နူးစရာကောင်းလို့ 
ရင်ခုန်မြတ်နိုး
ရင်ဘက်အနက်ရှိုင်းဆုံး
ဟိုး … တစ်နေရာမှာ
ကိန်းအောင်းနေတယ် … ။

ကမ္ဘာဟာနေကိုပတ်နေသရွေ့
လဟာကမ္ဘာကိုပတ်နေသရွေ့
ကြယ်ကလေးတွေ ကောင်းကင်မှာသာနေသရွေ့
ရာသီခွင်တွေလည်နေသရွေ့
ငါရှိနေသရွေ့
နင်ရှိနေသရွေ့
ချစ်နေအုံးမယ် … ဟေ့ ။

In: ကဗျာ Posted By: Date: Jun 29, 2013
Comment #1

သြော် သွားရှာပြီ ~~ 🙁
ရှေ့ကကဗျာတွေလောက်တော့ ဒီကဗျာဖတ်လို့မကောင်းတာအမှန်ပဲ အားမနာတမ်းပြောတာ စိတ်ဆိုးသွားရင်လည်း မတောင်းပန်နိုင်ပါကြောင်း ~~

With respect,
RAY

commentinfo By: X - ray at Jul 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment