Professional Authors

မိုး

တခါ တခါ နီးလို့
တခါ တခါ ခရီးတွေက မပြီးတတ်သမို့…….
တခါ တခါ ငါ့ကို ထွေးပွေ့ လို့
တခါ တခါ ငါ့ကို ဝေးဝေးက လှမ်းကြည့်တတ်သမို့…….
တခါ တခါ ကျီစယ်လို့်
တခါ တခါ ငိုလွယ်တတ်သမို့…….
တခါ တခါ အော်ခေါ်လို့
တခါ တခါ ငါမျှော်တတ်သမို့…….
တခါ တခါ ခံစားရလို့
တခါ တခါ ပြန်သနားတတ်သမို့…….
တခါ တခါ တိမ်စိုင်တွေကို ငါက ငေးလို့
တခါ တခါ ထိုင်ကာ မှိုင်ကာ ဆွေးတတ်သမို့…….
ဒီလိုနဲ့………..
ဆောင်းနှင်းတွေ ကြွေလိုက်
မိုးဖွဲတွေ ကျလိုက်
ရွက်ဝါတွေ မြေခလိုက်နဲ့…….
ရာသီတွေ အမျိုးမျိုးပြောင်းသွားပေမဲ့
ငါကတော့ တိုးတိုးလေး ဆုတောင်းနေဆဲ…….
ဘယ်သူတွေ ဘယ်လောက်မိုက်မိုက်
ပြုံးလိုက်ရယ်လိုက်နဲ့ အလိုက်သတိနေတတ်သမို့
မနှုတ်ဆက်ရက်ပေမဲ့ ရုတ်တရက် ထွက်ခွါသွားတော့
ငါ့ရင်ဘတ်တွေသာ နာလှတယ် တားဆီးမရလိုက်နိုင်ဖူး……
ဒါဟာ နိယာမတရားပဲမို့ ငါဟာ ကြည့်ရုံပဲ ကြည့်လိုက်နိုင်တယ်
လက်မခံနိုင်ပေမဲ့ ဒီ့ထက် မှန်တဲ့ အမှန်တရားလဲ မရှိတော့ဖူး
ဖန်သားပြင်ပေါ်မှာ ပေါ်သလို အထင်အရှားနဲ့
ဒီမြင်ကွင်းက ဘယ်တော့မှ မှုန်ဝါးမသွားဖူး…….
သူဟာ…….ငါ့မျှော်လင့်ချက်မှာ ပျော်ဝင်ပြီး
ငါ့အိပ်မက်ကို အရောင်တင်ပေးတတ်ခဲ့သူ
သူဟာ……ငါ့ခံစားချက်ကို ရှေ့ တန်းတင်ပြီး
သူ့ခံစားချက်ကို မှုန်ဝါးစေတတ်သူ
သူဟာ…….ငါ့အမှားတွေအတွက် ရှေ့ ကမားမားမတ်မတ်ရပ်ပေးတတ်သလို
သူ့တရားတွေအတွက်လည်း ဘယ်တော့မှ မမှားစေတတ်ခဲ့ဖူး……
သူဟာ……ငါ့အောင်မြင်မှုမှာ ဂုဏ်ယူနေတတ်သလို
ငါ့ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးဖို့ ဖန်တီးသူ
သူဟာ…….ငါ့အိပ်မက်တွေကို ဖူးပွင့်စေခဲ့ပြီး
ငါ့အနာဂတ်ကို လင်းလက်စေခဲ့သူ
သူ့အပြုံးတွေက အစဉ်တမျှ ချိုမြလို့
ငါ့ရင်ကို ထာဝရအေးမြစေခဲ့တတ်တာ…….
ဒီအပြုံးတွေက အခုတော့ ဘယ်မှာ ပုန်းနေလဲ
ခံစားချက်ကို ငါဘာနဲ့ ခုတုံးလုပ်ရမလဲ…….
အိပ်မက်တွေ ပြီးဆုံးရင် ငါက ၀ုန်းဒိုင်းကျဲချင် ကျဲမယ်
အိပ်မက်ထဲက ပုံရိပ်ကို ငါ နမ်းရှိက်ချင် ရှိက်မယ်
အေးမြတဲ့ အပြုံးကို ဖမ်းဆုပ်မရလို့ ငိုချင်ငိုမယ်
မိုးပြိုတယ်ဆိုတာ ငါ့မျက်ဝန်းကို အကြိမ်ကြိမ်ငိုတတ်စေတာ
ငါက မိုးကို ချစ်ပေမဲ့……..
ခုထက်ထိ မျက်ရည်တွေကို မချစ်တတ်ခဲ့သေးဖူးလေ။ ။

ချစ်မေမေသို့ အမှတ်တရ လွမ်းဆွတ်မှုဖြင့်သာ
စစ်အေးငြိမ်း
(13.8.2011)

In: ကဗျာ Posted By: Date: Aug 15, 2011
Comment #1

သူဟာ…….ငါ့မျှော်လင့်ချက်မှာ ပျော်ဝင်ပြီး
ငါ့အိပ်မက်ကို အရောင်တင်ပေးတတ်ခဲ့သူ
သူဟာ……ငါ့ခံစားချက်ကို ရှေ့ တန်းတင်ပြီး
သူ့ခံစားချက်ကို မှုန်ဝါးစေတတ်သူ
.ကောင်းတယ် …အားပေးသွားပါတရ်

Comment #2

အားပေးသွားပါတယ်ဗျာ။

commentinfo By: moehtetaung18 at Aug 15, 2011
Comment #3

အားပေးတဲ့အတွက် အားလုံးကို ကျေးကျေးပါဗျာ……….

commentinfo By: sitayenyein at Aug 15, 2011
Comment #4

အမရေ ……တကယ်ကောင်းတယ်

commentinfo By: nwenyeinaye at Aug 15, 2011
Comment #5

read again.
really nice.

commentinfo By: ei lay at Aug 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment