Professional Authors

ဝန်ခံခြင်းများ…………

ဒီရင်ထဲ

နင်မမြင်နိုင်တဲ့

“အလွမ်း”တွေကို

“အပြုံး”တွေနဲ့ပဲ

ငါဖုံးထားမယ်……

ခုတော့လေ

“တဂိုး”ပြောသလိုပဲ

အရာရာဟာ

မင်းနဲ့တွေ့မှ

ကဗျာဆန်လာခဲ့တယ်။…….

 

ရပါတယ်…

ဒီရင်ရဲ့

တောင့်တမှုတွေကို

အိပ်ဆေးတစ်ခွက်နဲ့

နှစ်သိမ့်လိုက်မယ်

မထပါနဲ့တော့

“အလွမ်း”တို့ရယ်။….

 

ချစ်သူရေ…

အချစ်လေ

ယဲ့ယဲ့နဲ့

ငါ့အနမ်းလှေ

ခရီးဆက်နေတာ….

ဒါပေမယ့်

ရင်ရဲ့

“compass”က

“တောင်ဘက်”တဲ့။……

 

အိပ်မပျော်ခြင်းဟာ

ရောဂါတစ်ခုဆိုရင်

မင်းမသိအောင်

ငါ့”ကဗျာ”တွေထဲပဲ

သိမ်းထားတော့မယ်။……..

 

“အာဒံ”ကကော

“ဧ၀”အတွက်

ပေးဆပ်ခဲ့ဘူးလားမသိဘူးနော် ?

သေချာတာတစ်ခုကတော့

သူတို့နှစ်ဦး

ပန်းသီးတစ်လုံးကို

အတူတူစားခဲ့တာပဲ။…

ကိုယ်ရော

မင်းနဲ့အတူ

“ပန်းသီး”စားခွင့်ရှိနိုင်ပါ့မလားကွာ။……….။(ရိန်မင်း)

In: ကဗျာ Posted By: Date: Jan 7, 2011
Comment #1

အိပ်မပျော်ခြင်းဟာ

ရောဂါတစ်ခုဆိုရင်

မင်းမသိအောင်

ငါ့”ကဗျာ”တွေထဲပဲ

သိမ်းထားတော့မယ်။……
အရမ်းကောင်းတဲ.ကဗျာလေးပါ
ငါအမြဲအားပေးနေမယ်

commentinfo By: homerungirl1 at Jan 7, 2011
Comment #2

ကို၇ိန်မင်း ကျွန်တော် ၀ယ်ပေး၇မလား ပန်းသီး

commentinfo By: genius.jinx28 at Jan 7, 2011
Comment #3

အလကားစားရချည်သေးရဲ့……..

commentinfo By: linn at Jan 7, 2011
Comment #4

အိပ်မပျော်ခြင်းဟာ

ရောဂါတစ်ခုဆိုရင်

မင်းမသိအောင်

ငါ့”ကဗျာ”တွေထဲပဲ

သိမ်းထားတော့မယ်။……..

commentinfo By: အသဲကွဲမိုး at Jan 7, 2011
Comment #5

ဒီရင်ရဲ့

တောင့်တမှုတွေကို

အိပ်ဆေးတစ်ခွက်နဲ့

နှစ်သိမ့်လိုက်မယ်

မထပါနဲ့တော့

“အလွမ်း”တို့ရယ်။….

commentinfo By: nyo at Jan 7, 2011
Comment #6

ပန်းသီးဝယ်ပေးမယ်ဆိုတော့ အင်း “ဧဒင်” ထဲက ပန်းသီးမှရမယ်…

commentinfo By: reinminn at Jan 8, 2011
Comment #7

ဆိုင်ရှာလိုက်အုံးမယ် တွေ့ရင်တော့ ၀ယ်ပေးထားမယ်နော်

commentinfo By: not leaf in tree at Jan 10, 2011
Comment #8

ရပါတယ် ကြာရင်ကြာပစေ “ဧဒင်” ထဲက ဟာမှရမယ်

commentinfo By: reinminn at Jan 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment