Professional Authors

တံတိုင်းခြားတဲ့ အချစ်

တစ်ချိန်က မင်းနဲ့ငါ
တည်ဆောက်ခဲ့ကြတဲ့
ချစ်ခြင်းတံတိုင်းတွေဟာ
ခုချိန်မှာတော့ ငါ့အတွက်
အမုန်းပင်လယ် ဖြစ်ခဲ့ရပြီ………
ခိုင်မာခဲ့တဲ့ ချစ်ခြင်းတွေကနေ
မမြင်နိုင်တဲ့ မကျော်နိုင်တဲ့
အမုန်းတံတိုင်းတွေအဖြစ်
ပြောင်းလဲသွားခဲ့ပြီ…..
ဆက်ချစ်ဖို့လည်းမဖြစ်နိုင်ခဲ့
စွန့်လွှတ်ဖို့လည်း မ၀ံ့ရဲခဲ့
ပြန်လာဖို့လည်း ပြောမထွက်ခဲ့ပေမယ့်
ရင်ထဲကချစ်နေဖို့ကိုတော့
မင်းခွင့်ပြုပေးဖို့ကို
ငါတောင်းဆိုပါရစေကွာ…….။(Gipsy)

In: ကဗျာ Posted By: Date: Mar 11, 2011
Comment #1

ရင်ထဲကချစ်နေဖို့ကိုတော့
မင်းခွင့်ပြုပေးဖို့ကို
ငါတောင်းဆိုပါရစေကွာ…….။
အားပေးနေတယ်gispy lay

commentinfo By: genius.jinx28 at Mar 11, 2011
Comment #2

thz par genius.jinx28

commentinfo By: Gipsy Lay at May 23, 2011
Comment #3

ပြန်လာပါစေဗျာ……ဆုတောင်းရင်းအားပေးသွားပါတယ်

commentinfo By: အသဲကွဲ မိုး at Apr 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment