Professional Authors

ကမ္ဘာခြားတဲ့ ဗယ်လင်တိုင်း

မကြာမတင်မှာကြော်ငြာဝင်သလိုရောက်လာတော့မယ်
ဘာတွေအသင့်ပြင်ထားပြီးပါပြီလဲ
ပိုစ်ကဒ်တွေဝယ် ချောကလက်တွေရွေး ပန်းစည်းလှလှလေးတွေနဲ့အတူပေါ့
ကြာခဲ့ပါပြီလေ ရာသီတွေအလီလီပြောင်းပေမယ့် နာကျင်စွာစိတ်မှာဆွေးမပြေဘူး
ဒီရာသီ ဒီရက်ကြုံတိုင်းမျှော်လွမ်းကြီးဖြစ်ဖြစ်နေရ စိတ်မှာသိပ်အနေမလှဘူးဗျာ
ကြည်ကြည်လင်လင်လေးပေါ့ဗျာ…အပူအပင်မှသိပ်မရှိသေးအရွယ်
၁၉၉၄ မှာ ချစ်သူများနေအမှတ်တရ အခွေလေးကိုင်ကာပျော်ရွှင်ခဲ့ဖူးတယ်
အခုတော့ ကမ္ဘာခြားနေတဲ့ ဗယ်လင်တိုင်းရေ ငါမှားနေတာတွေမင်းလည်းမသိ
အလွှာခြားနေတဲ့ဘ၀မှာဘ၀အခါးတွေကိုသာရင်ဆိုင်နေခဲ့ရ
ဗယ်လင်တိုင်းတွေကိုငါသိပ်ကြည့်မရခဲ့တာအတော်ကြာနေခဲ့ပေါ့
တခါတလေ ချော်ကလက်တွေ ပိုစ်ကဒ်တွေကိုအလိုလိုနေမုန်းချင်နေမိ
အသုံးမ၀င်တော့ပေမယ့် နှစ်လွန်တဲ့ပိုစ့်ကဒ်တွေရယ် ငါ့ကို မင်းတို့အပြစ်မမြင်ကြပါနဲ့
တခါ တခါ အသက်ငင်သလိုဖြစ် သူ မရှိတဲ့ ဒီရာစုနှစ်တွေမှာ
ငါ …. သံယောဇဉ်တွေငတ်လွန်းနေတာ မင်းတို့အသိဆုံးပါကွယ်
တစ်နှစ်ပြီး တစ်နှစ် မျှော်လင့်ခြင်းတွေကအလင်းနှစ်လို
ငါ့ဘ၀နေညိုချိန်တွေတောင်တိုင်လုပေါ့ ……………..
ဗယ်လင်တိုင်းရေ ……………………………………..
နောက်ထပ်ဘယ်နှစ်ကမ္ဘာခြားနေအုန်းမှာလည်းကွယ် ။                ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Jan 24, 2013
Comment #1

Chocolate taung a yann sarr chin lar p.

commentinfo By: ei lay at Jan 24, 2013
Comment #2

ချောကလက်ပို့ပေးလိုက်ပါမယ် ei lay ခင်ဗျာ…

commentinfo By: Tin Myo Naing at Jan 25, 2013
Comment #3

He..he..
😛
hote

commentinfo By: ei lay at Jan 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment