Professional Authors

ငါသာ….ငါမဟုတ်ခဲ့ရင်


ငါ….နဲ့ ဝေးဝေးးးးးနေရာမှာ
         နေထိုင်ကောင်းရဲ့လား…
         အသိတို့ ဖိစီးတိုင်း
         အလိုလိုနေရင်း….ငါဖျားနာနေတတ်တယ်။

ငါ……အလွမ်းတို့သိပ်သည်းတိုင်း
         နင်လည်းငါ့ကိုလွမ်းနေမယ်.အတွေးနဲ့
         တခါတခါ.
         ရင်နင့်အောင်ကြွေကွဲမိတယ်။

 နင်…..ငါ့ကိုမှ..မချစ်
         ငါ့ကိုမှ အပြစ်မြင်
         အနာပေါ်ဒဏ်ဆင့်..အမုန်းတွေအချီချီပေးရက်ခဲ့

         အပေးအယူ..မမျှတ…
         ချစ်တဲ့သူ..မယုယတဲ့
         ဒီအသဲကွဲဇာတ်လမ်းထဲ
         နင်သာ..”ရှုံးနိမ့်သူ”ဖြစ်ခဲ့ရင်
         ဆိုတဲ့..တယူသန်စိတ်နဲ့
         ငါ…..အဆုံးစွန်ထိ..ရှုံးပြခဲ့တယ်

ငါ့ …..ကိုလမ်းခွဲပြီးနောက်
         ငါ့လို တူညီမျှ..၀မ်းနည်းလိမ့်မယ်..ယူဆ
         ခဏခဏ…
         မျက်ရည်တွေ..လှိမ့်ဆင်းနေခဲ့တယ်။

တကယ်ဆို…..
         နင်နဲ့..ငါမခွဲနိုင်ဘူး
         ဝေးဖို့လည်းမတွေးခဲ့ဖူး…
         ခဏလေးခြားနေရင်တောင်
         ဆွေးနေတတ်တဲ့သူ..

         နင်ပေးခဲ့တဲ့ အိပ်မက် အသေလေးတွေ
         တပွေ့တပိုက်နဲ့ယုယ
         အနွေးဓာတ်အပြည့်နဲ့…
         အနာဂတ်တွေ လည်း..တည်ဆောက်နေတတ်သူ

         နင် ထားခဲ့တော့လည်း
         ငါ့အပြစ်သာငါယူဆ
         နောင်ခါလာ နင့်တွဲလက်သစ်များအတွက်
         ဂုဏ်ပြုမိုးတွေ…တဖွဲဖွဲ..ကြွေဆင်းပေးတဲ့သူ

အဆုံးမှာတော့..
         ငါဆိုတာ..နင့်ကိုချစ်ဖို့လူဖြစ်လာတယ် ယုံမှတ်
         နင်..ပျော်နေမယ်ဆို
         ကိုယ့်ကိုယ်ကိုယ့်ခြွေချလို့…..မြေခပေးဖို့အသင့်
         ငါ့ရင်ခွင်က…    နင့်အတွက်ဆို..
         ဝေခွင့် မရ..ကြွေခဲ့ရတောင်…
         ကျေနပ်နေမယ့်သူ

အစကတည်းက
        နင့်ကိုသာ..အမှန်ပေး
        နင့်အကြောင်းသာတွေး
        နင့်ဘက်ခြမ်းကသာစဉ်းစားတတ်ခဲ့သူမို့
                  ငါ…..သာ
                  ငါ……မဟုတ်ခဲ့ရင်
                  ငါ…….ဟာ ..နင် အဖြစ်နဲ့ မွေးဖွားလာခဲ့ရမှာ!!!!

In: ကဗျာ Posted By: Date: Mar 8, 2011
Comment #1

နင့်ကိုသာ..အမှန်ပေး
နင့်အကြောင်းသာတွေး
နင့်ဘက်ခြမ်းကသာစဉ်းစားတတ်ခဲ့သူမို့
ငါ…..သာ
ငါ……မဟုတ်ခဲ့ရင်
ငါ…….ဟာ ..နင် အဖြစ်နဲ့ မွေးဖွားလာခဲ့ရမှာ!!!!
ရေးတာလေးတွေကအရမ်းကောင်း………။

commentinfo By: ရွှေငါး at Mar 8, 2011
Comment #2

ကောင်းပါ့ဗျား ….. ။

commentinfo By: ထူးဝေ at Mar 8, 2011
Comment #3

ကျေးဇူးတင်ပါတယ်…အမ ရွှေငါး .. ကိုထူးဝေ.. 😀

commentinfo By: အသဲကွဲမိုး at Mar 8, 2011
Comment #4

ငါ…..သာ
ငါ……မဟုတ်ခဲ့ရင်
ငါ…….ဟာ ..နင် အဖြစ်နဲ့ မွေးဖွားလာခဲ့ရမှာ!!!!
မမိုး အားပေးသွားတယ် သူများတွေလို့တော့ ခပ်စိမ်းစိမ်း အားမပေးပါဘူး ..

commentinfo By: genius.jinx28 at Mar 8, 2011
Comment #5

အပေးအယူ..မမျှတ…
ချစ်တဲ့သူ..မယုယတဲ့
ဒီအသဲကွဲဇာတ်လမ်းထဲ
နင်သာ..”ရှုံးနိမ့်သူ”ဖြစ်ခဲ့ရင်
ဆိုတဲ့..တယူသန်စိတ်နဲ့
ငါ…..အဆုံးစွန်ထိ..ရှုံးပြခဲ့တယ်

အစကတည်းက
နင့်ကိုသာ..အမှန်ပေး
နင့်အကြောင်းသာတွေး
နင့်ဘက်ခြမ်းကသာစဉ်းစားတတ်ခဲ့သူမို့
ငါ…..သာ
ငါ……မဟုတ်ခဲ့ရင်
ငါ…….ဟာ ..နင် အဖြစ်နဲ့ မွေးဖွားလာခဲ့ရမှာ!!!!
လိုက်မမှီတော့ ဘူး အသဲကွဲမိုးရေ……အားပေးနေပါတယ်……..

commentinfo By: terry at Mar 8, 2011
Comment #6

ဟာ…သူကပဲပြောရသေး……မမှီတာက မိုး ပါ…ကျေးဇူးတင်ပါတယ်
မောင်လေး genius နဲ့ terry

commentinfo By: အသဲကွဲမိုး at Mar 9, 2011
Comment #7

အားပေးနေပါတယ်။။။။။။။။။။။

commentinfo By: kathitni1980 at Mar 9, 2011
Comment #8

တကယ်ဆို…..
နင်နဲ့..ငါမခွဲနိုင်ဘူး
ဝေးဖို့လည်းမတွေးခဲ့ဖူး…
ခဏလေးခြားနေရင်တောင်
ဆွေးနေတတ်တဲ့သူ……
ဖြစ်နိုင်တယ် မိုးရယ် အဲလိုခံစားချက်…..တကယ်ထိတယ် ဒီကဗျာလေးက……..။

commentinfo By: kaythari at Mar 9, 2011
Comment #9

ကောင်းပါ၏။ 🙂

commentinfo By: pannei at Mar 9, 2011
Comment #10

ကောင်းပါတယ်ဗျာ

commentinfo By: herot9 at Mar 10, 2011
Comment #11

ကောင်းပါတယ်

commentinfo By: sawmyawadi at Mar 10, 2011
Comment #12

ကောင်းပါတယ်…
နင်ပေးခဲ့တဲ့ အိပ်မက် အသေလေးတွေ
တပွေ့တပိုက်နဲ့ယုယ
အနွေးဓာတ်အပြည့်နဲ့…
အနာဂတ်တွေ လည်း..တည်ဆောက်နေတတ်သူ

အဲဒါလေးတော့ သဘောကျတယ်…
တိုက်ဆိုင်တယ် ပြောမလားပဲ…

Comment #13

ငါ…..သာ
ငါ……မဟုတ်ခဲ့ရင်
ငါ…….ဟာ ..နင် အဖြစ်နဲ့ မွေးဖွားလာခဲ့ရမှာ!!!!

Comment #14

ငါ….နဲ့ ဝေးဝေးးးးးနေရာမှာ
နေထိုင်ကောင်းရဲ့လား…
အသိတို့ ဖိစီးတိုင်း
အလိုလိုနေရင်း….ငါဖျားနာနေတတ်တယ်။

ငါ……အလွမ်းတို့သိပ်သည်းတိုင်း
နင်လည်းငါ့ကိုလွမ်းနေမယ်.အတွေးနဲ့
တခါတခါ.
ရင်နင့်အောင်ကြွေကွဲမိတယ်။

နင်…..ငါ့ကိုမှ..မချစ်
ငါ့ကိုမှ အပြစ်မြင်
အနာပေါ်ဒဏ်ဆင့်..အမုန်းတွေအချီချီပေးရက်ခဲ့

အပေးအယူ..မမျှတ…
ချစ်တဲ့သူ..မယုယတဲ့
ဒီအသဲကွဲဇာတ်လမ်းထဲ
နင်သာ..”ရှုံးနိမ့်သူ”ဖြစ်ခဲ့ရင်
ဆိုတဲ့..တယူသန်စိတ်နဲ့
ငါ…..အဆုံးစွန်ထိ..ရှုံးပြခဲ့တယ်

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #15

Super Like ၏

commentinfo By: No Name at Dec 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment