Professional Authors

ငါရဲ့ လျှို့ ဝှက်ချက်

အချိန်တွေတွက်ကြည့်ရင် ရင်မောမိတယ်
ပန်းတစ်ပွင့် ပွင့်ဖို့ ဘယ်လောက်ကြာမလဲ..ချစ်သူ
ငါနင့်ကိုချစ်ဖို့  အချိန်မယူခဲ့ရဘူး
နင်နဲ့ ငါနဲ့ ကြားက အလွမ်းကတော့……..

လူတစ်ယောက်ရဲ့ ရင်ဘတ်ထဲ ဘာရှိလဲသိချင်ရင်
ခွဲခန်းထဲ..နာရီပိုင်းလောက်တော့ ကြာချင်ကြာမယ်ချစ်သူ
ငါ့ရင်ထဲ..ဘာတွေရှိလဲသိချင်ရင်..အချိန်မယူပါနဲ့ 
ခဏတာမှေးစက်ကြည့်ပေါ့…..ဘာတွေသိနိုင်မလဲ……..

မှောက်ထားတဲ့လက်ထဲမှာ….ဘာရှိလဲမေးရင်
နင်သိပါ့မလား…
မနက်ဖြန်လို့ ပြောရင် နင်ရယ်နေမလား..
ဘာကိုမှကြိုမသိနိုင်တဲ့ အရာက..မနက်ဖြန်လို့ ငါကြားဖူးတယ်

ငါ့အတိတ်တွေသိရင် နင်မုန်းသွားအုံးမလား
ပစ်ကွင်းထဲက..ပစ်မှတ်တစ်ခုမှာ ဒဏ်ရာတွေ များနေတတ်တယ်
ဒါပေမယ့်..ဗဟိုမှတ်ကို မှန်တဲ့ ပစ်ချက်လေးကတော့ နည်းပါတယ်
နင်က..ဗဟိုစက်ဝိုင်းလေးထဲက…ငါပိုင်ဆိုင်တဲ့..ပစ်ချက်လေးတစ်ခုပါချစ်သူ
နာကျင်စွာနဲ့ ..ပိုင်ဆိုင်ခဲ့ရတာပါ..
ငါတန်ဖိုးထားပါ့မယ်

မျက်ရည်တစ်စက်ကျဖို့ ..ဘယ်ကြွက်သားတွေက အားထုတ်ရလဲ
နှလုံးသားက ခံစားပြီး ညှစ်ပြီးပို့ လိုက်တဲ့ အာရုံကြောတစ်ခုက
ဦးနှောက်ကိုေ၇ာက်တယ်..ပြီးတော့..မျက်လုံးထဲမှာ..လှုပ်ရှားသွားတယ်
ဝေဝါးသွားတဲ့ အမြင်တွေကိုရှင်းဖို့ ..မျက်ရည်လေးကျလာတယ်
မျက်တောင်လေးတွေက ပုတ်ခတ်ပြီး..သန့်ရှင်းပေးတယ်
မျက်ရည်ကျတာတဲ့..ချစ်သူ
ငါ့အတွက်မလိုပါဘူး..နင်ကရှင်းလင်းတဲ့..ငါ့မြင်ကွင်းလေးပေါ့

ဝမ်းသာလိုက် ဝမ်းနည်းလိုက်နဲ့ ဆို အသက်တိုတတ်တယ်ချစ်သူ
ငါ့အတွက်ကတော့ ဝမ်းသာခြင်းတွေပါပဲ နင့်ကိုချစ်လိုက်ရတာတွေလေ
နင်ပျော်ရင်လဲ ငါဝမ်းသာတယ်
နင်ငိုရင်လဲ ငါဖေးမခွင့်ရှိလို့  ဝမ်းသာတာပဲလေ
ငါဖတ်ဖူးတဲ့ ပိုလီယာနာ ဆိုတဲ့စာအုပ်ထဲက ကောင်မလေးလို
နင်နဲ့ ပတ်သက်ရင် ငါရောင့်ရဲတတ်တယ်..ချစ်သူ

နင့်ကိုပေးလိုက်လို့  ဗလာဖြစ်ဖြစ်သွားတဲ့အခါ
နင့်ကိုချစ်ဖို့  နေရာသစ်တွေ ဖြစ်ဖြစ်လာတယ်
နင်သိပါ့မလား…….

ငါမသိပါဘူးချစ်သူ….အရာအားလုံးကိုသိဖို့ ငါကြိုးစားရအုံးမယ်
ငါသိတဲ့နည်းနည်းလေးနဲ့ ..ငါချစ်ခဲ့ရတာပါ
နင်ကအဝေးကြီးမှာ အဆင်ပြေပါ့မလား
ငါရေးနေတာတွေ နင်သိပါ့မလား
ငါလွမ်းနေတာတွေ နင့်သိပါ့မလား

နင်မသိပါဘူး……..
နင်သိအောင်လဲငါမကြိုးစားခဲ့ပါဘူး
ထုတ်ဖေါ်ခွင့်ငါမရခဲ့ဘူးပေါ့
ဒါပေမယ့်…..ငါကြေနပ်ပါတယ်
လူတစ်ယောက်စီမှာ လျှို့ ဝှက်ချက်တွေရှိတယ်
နင်က နင်မသိတဲ့ ငါ့၇ဲ့လျှို့ ဝှက်ချက်တစ်ခုပေါ့..ချစ်သူ

ငါတို့  ပြန်ဆုံနိုင်ပါ့မလားကွယ်………….။

In: ကဗျာ Posted By: Date: Apr 19, 2013
Comment #1

Yes

commentinfo By: ei lay at Apr 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment