Professional Authors

“၀..ဘ”

အမြဲကြားနေရတဲ့စကားသံ

လူတိုင်းနှုတ်ဖျားကထွက်တဲ့စကား

“ဘ၀”တဲ့ဘယ်လိုများလဲကွယ် သိချင်ခဲ့တယ်

မေးကြည့်တော့လိုက်တော့မှ

“ကလေးတစ်ယောက်ကဘ၀ဆိုတာ ဘကုန်းနဲ့ဝလုံး”

“ငနဲကြီးတစ်ယောက်က အောင်မြင်မှုတဲ့”

“certificate အိတ်တစ်လုံးနဲ့ ပညာတတ်လူငယ်ကတော့

ကျရှုံးမှုဆိုပဲ…”

“အသည်းကွဲသမားလေးက အလွမ်း”

“ဆယ်ကျော်သက်ကအချစ်ဆိုပဲ”

 

ဘာများလဲကွယ် ဘာနဲ့များတူမလဲ

လှည်းတန်းရဲ့ညတစ်ခုမှာ

ခေါင်းကုတ်ပီးတွေးဖူးတယ်

နှစ်နှစ်ဆယ်ကိုပြန်လှန်ဖတ်ရှုမှ

နည်းနည်းပါးပါးတွေးစရာရတယ်

 

ဘ၀ဆိုတာ

“ဘုရားထက်ကြီးတယ်လို့ပြောကြတဲ့(သူ့ဆီကမှတစ်ဆင့်သွားရတာတဲ့)

ဘုရားလူကြီးရဲ့ ဘီယာနဲ့စင်တင်ဖိုးလား”

“အရာကြီးကြီးရှိတဲ့ ပုဂိုလ်ကြီးတစ်ယောက်ရဲ့

အသည်းအသန်ရှာရတဲ့အမြှောင်ဖိုးလား”

“ဆင်းရဲသားတစ်စုရဲ့

လူနှင့်မလိုက်ရအောင်ရုန်းကန်ခြင်းလား”

“ကဗျာဆရာတစ်ယောက်ရဲ့

ကျစိမ့်နဲ့ဆေးပေါ့လိပ်လား”

“ဘတ်ဂျက်ကျပီးအကောင်အထည်မပေါ်တဲ့

မြောင်းမြပုသိမ်ကားလမ်းလား”

“ဆေးကျောင်းသူတစ်ယောက်ရဲ့

အနုပညာမှအောင်မြင်ဖို့ကြိုးစားနေခြင်းလား(နေရာတိုင်းမှာ ပုံမှန်ထက်တော့ ထူးချွန်တယ်လေ)”

 

ဟူးတွေးရင်းနဲ့ရှုပ်လာတယ်

လား..များစွာရောပြွမ်းနေတဲ့

အဲ့ဒီ”မိမစစ်ဖမစစ်ဘ၀”ဆိုတာကို

တွေးဖို့တောင်မတန်လို့

သူ့အတိုင်းပဲထားလိုက်တယ်

အလကားပါဘ၀ဆိုတာ

ကျီးလည်းမစစ် သာလိကာလည်းမမြည်တဲ့

အောက်ကလိအာ အာကလိအောက်ကြီး..။

 

မောင်မြတ်သူ(ခေတ္တ-လှည်းတန်း)    

1;45

30.11.2011

 

[email protected]

In: ကဗျာ Posted By: Date: Nov 3, 2011
Comment #1

အလကားပါဘ၀ဆိုတာ

ကျီးလည်းမစစ် သာလိကာလည်းမမြည်တဲ့

အောက်ကလိအာ အာကလိအောက်ကြီး..။
မိုက်တယ်
အားပေးသွားပါတရ်

Comment #2

မောင်မြတ်သူရယ်……ဘ၀မို့ ပေါ့ 
အဓါပ္ပါယ်တွေဒီလောက်များနေတာနော်။
ဝဘဆိုရင်
ကဗျာဆရာတစ်ယောက်ရဲ့ ငိုကြွေးမှု့ တွေ
ရောင့် ရဲ့ တင်းတိမ်မှု့ တွေနဲ့ 
ကဗျာတစ်ပုဒ်ရဲ့ သက်ဆိုးတွေကြာရှည်မခံနိုင်တော့ တဲ့ ကြာခံစကားလုံးတွေပျောက်ဆုံးကုန်မယ်ထင်တယ်နော်။။။။။။။။

မင်းလူန

commentinfo By: kathitni1980 at Nov 3, 2011
Comment #3

နှစ်နှစ်ဆယ်ကိုပြန်လှန်ဖတ်ရှုမှ

နည်းနည်းပါးပါးတွေးစရာရတယ်….နည်းတာပေါ့ကွ..:)
xo good !

commentinfo By: sharon myorr myor at Nov 3, 2011
Comment #4

ဘာများလဲကွယ် ဘာနဲ့များတူမလဲ

လှည်းတန်းရဲ့ညတစ်ခုမှာ

ခေါင်းကုတ်ပီးတွေးဖူးတယ်

နှစ်နှစ်ဆယ်ကိုပြန်လှန်ဖတ်ရှုမှ

နည်းနည်းပါးပါးတွေးစရာရတယ်…….. ( လှည်းတန်းဆိုတော့မမြင်ချင်ယောင်ဆောငိနေမှ) ဟိ

commentinfo By: May Kha at Nov 3, 2011
Comment #5

ကျေးဇူးအရမ်းတင်ပါတယ် ကိုလုလင်။ကိုမင်းလူန၊ မျောနဲ့၊ မမေခရေ
လိုတာလေးတွေရှိရင်အားမနာတမ်းဝေဖန်ပေးပါ့နော်။

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Nov 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment