Professional Authors

သရေပွဲ

         သရေပွဲ
အရှူံး၊အနိုင် နှစ်ခုထဲပဲလား
မဟုတ်သေးပါဘူး……ငါ့အထင်
ဒါကြီးက ချစ်သူတွေကြား
တွက်ထုတ်လို့မရ၊ အဖြေမရှိ
ဘယ်ပုံသေနည်းနဲ့မှ ချတွက်လို့မဖြစ်နိုင်တဲ့
နွားကျောင်းသားရဲ့ ခပ်လွယ်လွယ်
အမေးပုစ္ဆာ တစ်ခုမျှသာ………

ပေးသူ၊ယူသူသာ ရှိဧ။်
ဒီလိုဆိုဟုတ်သေး……ငါ့အထင်
ဒါကြီးက ချစ်သူတွေကြား
အပြန်အလှန် စုန်ဆင်းလို့ရတဲ့
နားလည်မှူ့ တံတားတစ်စင်း
ပေးသူရှိသလို၊ ယူသူပါရှိဧ။်……

ရှူံးတယ်လို့ ခင်ဗျားတွေးမိချိန်ဟာ
သူ့ကို ဆက်မချစ်နိုင်တော့လို့လား
ဒါမမှဟုတ် မုန်းသွားပြီလား၊
ဒါမှမဟုတ် ဒီလိုလူမျိုးအတွက်နဲ့များကွာဆိုပြီး
မင်းကိုမင်း သနားနေလို့လား……
ကျိမ်းသေတာကတော့ဖြင့်
အံ့သြလောက်တဲ့ တိုက်ဆိုင်မှူ့လို့ဆိုချင်ဆို
ခင်ဗျား ရှူံးတယ်လို့ ခံစားမိချိန်ဟာ
ခင်ဗျားတို့နှစ်ယောက် ချစ်သူတွေအဖြစ်
ဆက်လက်ရပ်တည်နေခြင်းမရှိတော့ဘူးဆိုတာပဲ…

ရှူံးသူက ပူဆွေး ငိုကြွေနေချိန်
နိုင်သူက ဟားတိုက် လှောင်ရယ်ချင်ရယ်မယ်
ဒါပေမယ့်………….
သရေပဲ လို့နားလည် လက်ခံသူတွေသာ
ချစ်သူတွေအဖြစ် ဆက်လက် လက်တွဲနေကြတုန်းပေါ့

နေ့သစ်
1.15 am to 2.15 am
2.3.11

In: ကဗျာ Posted By: Date: Mar 4, 2011
Comment #1

ရှူံးသူက ပူဆွေး ငိုကြွေနေချိန်
နိုင်သူက ဟားတိုက် လှောင်ရယ်ချင်ရယ်မယ်
ဒါပေမယ့်………….
သရေပဲ လို့နားလည် လက်ခံသူတွေသာ
ချစ်သူတွေအဖြစ် ဆက်လက် လက်တွဲနေကြတုန်းပေါ့

အဲဒီနေရာလေး မိုက်တယ် . . . ။

commentinfo By: nanpyisoke at Mar 5, 2011
Comment #2

ချစ်နေတဲ့သူကနိုင်တယ်လို့ပဲမှတ်ထားတယ်……..လူတိုင်းရင်မှာမေတ္တာဆိုတာလွယ်2စီးဆင်းလို့ရတဲ့အရာမှမဟုတ်ပဲကွယ်…. ဒါကြောင့်ချစ်နေတဲ့သူကနိုင်ပါတယ်……………. ဟုတ်တယ်နော်ကိုနေ့သစ်။။

commentinfo By: May Kha at Mar 5, 2011
Comment #3

သရေပဲ လို့နားလည် လက်ခံသူတွေသာ
ချစ်သူတွေအဖြစ် ဆက်လက် လက်တွဲနေကြတုန်းပေါ့
ကိုနေ့သစ် အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Mar 5, 2011
Comment #4

အင်း ….. မမေခ ရေ အဲ့ဒီအကြောင်းရေးထားတဲ့( အချစ်အကြောင်း)……ကို
ကဗျာရေးထားပေးမယ့် မတင်ရသေးဘူး…….တင်ဖို့ အချိန်ရရင် တင်လိုက်ပါဦးမယ်
အဲ့ဒီအခါကျ ဆက်ဆွေးနွေးပါမယ် ….အခုတော့ ခဏ Pause (ရပ်)ထားပါဦး………
……
…….
……..
နိုင်ပုံ နိုင်နည်း တော့ အများကြီး ရှိပေမယ့်
မှန်ကန်တဲ့ နိုင်နည်းက ဘာများဖြစ်မလဲ????????

commentinfo By: nate thit at Mar 9, 2011
Comment #5

Okay……….

commentinfo By: May Kha at Mar 11, 2011
Comment #6

အရိုးသားဆုံးရင်ဆိုင်မည်

တစ်ကယ်တော့ အချစ်သည် စဖြူရောင်စက္ကူပါးတစ်ရွက်
ဒါကို…. လောဘအရောင်ဆိုးလို့ အနားမှာအမြဲပဲ သူမကိုရှိစေချင်
အတ္တဤရောင်ဆိုးပြီး ငါ့ကိုမှ ပြန်ချစ်စေချင်တာ
မောဟအရောင်ဆိုး ဘာကြောင့်မှန်းမသိ သူ့မျက်နှာလေးကိုကြည့်ချင်နေလို့
မာနအရောင်ဆိုး ငါ့အချစ်ကိုမင်းအသိအမှတ်မပြုလို့
သောကအရောင်ဆိုး မျက်ရည်မိုးတွေ စွေခဲ့တော့
အာ!…. အခုတော့စက္ကူဖြူရဲ့အလှက အရောင်တွေဖုံးလို့ညစ်နွမ်း
ဒါကိုမှ အဟုတ်ကြီးထင် Modern Art ပန်းချီတစ်ချပ်ကိုငါရေးမိပေါ့

အရောင်တွေ ဖိစီးနှိပ်စက်လို့
အမောဖောက်တဲ့ဒဏ် ခံနိုင်မရှိတော့
သေကြောင်းကြံ တစ်ခါထပ်မတွေး ရအောင်
အရောင်တွေခွဲထုတ် အချစ်ကို အဖြူလေးပဲထားမယ်
အရိုးသားဆုံးရင်ဆိုင် အရာင်တွေမဆိုးနဲ့တော့

ဒါပေမယ့်……….ငါ
အရောင်လွန် နယ်နိမိတ်ထဲမှာ
မရှိခြင်းတွေကို ထွေးပွေ့ရင်း
အဖြူရောင် ရင်ခုန်သံတွေဖြင့်
သူမနဲ့အဝေး ငါနေနိုင်ပါ့မလား……..

နွေကိုမျှော် ဥသြသံချို
သီကာဆို သူမသိဘူးပေါ့
မျှော်ရင်းသာ ငြီးမိတော့……..

နွေကိုမျှော် ပိတောက်ပန်းတို့
ပန်ချင်သူ သူမရှိတော့
ကြွေရင်းသာ စောင့်မိပေါ့……

နွေကိုမျှော် ငါ့အချစ်တို့
ပဲ့တင်သံ ပြန်ကြားမယ်
ငါမျှော်ရင်းပေါ့……..

နေ့သစ်
14.1.2010
ကြာသပတေး
11.am to 2.30Pm

မမေခ ရေ…….မမေခပြောတဲ့အတိုင်း ချစ်နေတဲ့သူက နိုင်တယ်ဆိုရင်
အဲ့ဒီအချစ်မှာ အရောင်တွေမပါမှ ဖြစ်မယ်လို့ နေ့သစ် ဖြည့်ပြီး ပြောချင်တယ်….
ဒီလိုမှမဟုတ်ရင်တော့ အချစ်မှာ အရှူံး အနိုင်ဆိုတာကြီးကို ခွဲထုတ် ဆုံးဖြတ်မနေပဲ
သရေပဲလို့ သတ်မှတ်လိုက်ကြရအောင်…..
နေ့သစ်

commentinfo By: nate thit(နေ့သစ်) at Mar 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment