Professional Authors

ပြောချင်ပါတရ်

ပြောချင်ပါတရ်

အလေ့ကျပေါက် ဒီခံစားချက်တွေနဲ့
အတွင်းကျေဒဏ်ရာလို့ အမည်တပ်ရတဲ့
အသဲကွဲ အက်ကြောင်းရာတွေကို
‘သူမ’ အပြုံးက ကျွန်တော့်ရင်ထဲမျိုးစေ့ကျဲသွားတရ်

ချစ်တယ်ဆိုတဲ့ ‘စကား’ တစ်ခွန်းကို
ဘယ်ကောင်မလေးကိုမှ မပြောဘူးတဲ့လူသားပါ
ဒါကို… ခင်ဗျားတို့ ယုံနိုင်ပါ့မလား….၊
မယုံလဲ မတက်နိုင်ဘူး……

တစ်ဘ၀မှာ တစ်ကြိမ်သာ အိမ်ထောင်ပြုရမယ်လို့
‘ပညတ်’ ချက်များ ရှိခဲ့ရင်လေ
တပည့်တော် ချစ်ရသူနဲ့သာ ပေါင်းရပါလိုသည်ဘုရား
အာ!….Sorry!…..ကျွန်တော် အရမ်းပဲလောဘကြီးသွားတရ်၊ ၊

ငါလေ ပုံပြင်ထဲကလို မနက်ဖြန် မင်းသေရတော့မည်
လိုရာဆုတစ်ခုတောင်းပါလို့ဆိုခဲ့ရင်……..
‘စကား’တစ်ခွန်းပဲပြောခွင့်ရချင်ပါတရ်
ချစ်ရပါသော ချစ်သူ……..မင်းကို’ချစ်တယ်’

နေ့သစ်
27.12.2009

In: ကဗျာ Posted By: Date: Jan 31, 2011
Comment #1

အားပေးသွားပါတယ် ကောင်းတယ်ဗျာ… နေ့သစ်

commentinfo By: genius.jinx28 at Jan 31, 2011
Comment #2

……….အားပေးသွားပါတယ်..နေ့သစ်……ကောင်းတယ်

commentinfo By: အသဲကွဲမိုး at Jan 31, 2011
Comment #3

ကျေးဇူးတင်နေပါတယ်နော်
အားပေးတဲ့ အတွက်ပါ……

commentinfo By: nate thit(နေ့သစ်) at Feb 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment