Professional Authors

အဝေးကနေပဲချစ်ကြရအောင်နော်

ပဉ္စလတ်ဆန်တဲ့ ကံကြမ္မာအောက်

ငါတို့နှစ်ယောက်

တွေ့ခဲ့ကြတယ်နော်

မှော်လိုဖမ်းစားတတ်တဲ့

အဖြူရောင် စကားလုံးတွေထဲမှာ

ငါတို့နှစ်ယောက်

ချစ်သူတွေဖြစ်ခဲ့ကြတယ်နော်

ငါ့ကို ချစ်တတ်ခြင်း နက္ခက်နဲ့

အတူတကွ မွေးဖွားပေးခဲ့တဲ့

Internetကို ကျေးဇူးတင်တယ်

ငါ့နှလုံးသားကို စိုက်ဝင်လာတဲ့

မင်းရဲ့အချစ်မြှား တစ်စင်းဟာ

ငါ့နှလုံးသားကို တည့်တည့် စိုက်ဝင်သွားတယ်

မမြင်ဘူးပေမယ့်

ငါမင်းကိုချစ်တယ်

ရှေးဘ၀ကပေးတဲ့ ဖူးစာရှင်ပဲလား

ငါမင်းကို ချစ်ခွင့်ရတဲ့အတွက်

ငါ့ဘ၀လေး စိုပြေခဲ့တယ်

မင်းအချစ်ကိုလည်း အကြွင်းမဲ ယုံခဲ့တယ်

ဂုဏ်တံတိုင်း ငွေတံတိုင်းတွေကြားမှာ

ငါ့တို့ရဲ့ ဖြူစင်တဲ့အချစ်တွေ

ပျောက်ကွယ်သွားမှာ ငါကြောက်တယ်

ဘာပဲဖြစ်ဖြစ် ငါမင်းကိုချစ်တယ်

ဘာပဲဖြစ်ဖြစ် မင်းလည်း ငါ့ကိုချစ်နေမှာပဲ

ဒါကြောင့် ငါ့တို့နှစ်ယောက်

နှလုံးသားချင်း နားလည်မှုနဲ့

မင်းရင်ထဲက စကားလုံးတွေနဲ့

ငါ့ရင်ထဲက စကားလုံးတွေကို

ငါဖတ်တတ်ခဲ့ပြီလေ

ဒီတော့ . . .

ငါ့တို့နှစ်ယောက်

အဆုံခင်စပ်ကြား

တိတ်တိတ်ကလေးပဲ

အဝေးကနေပဲ ချစ်ကြရအောင်နော် ။ ။

Comment #1

ကျွန်တော် ခံစားချက်နဲ့ တူလိုက်တာ။
Internetကို ကျေးဇူးတင်တယ်

ငါ့နှလုံးသားကို စိုက်ဝင်လာတဲ့

မင်းရဲ့အချစ်မြှား တစ်စင်းဟာ

ငါ့နှလုံးသားကို တည့်တည့် စိုက်ဝင်သွားတယ်

မမြင်ဘူးပေမယ့်

ငါမင်းကိုချစ်တယ်

ရှေးဘ၀ကပေးတဲ့ ဖူးစာရှင်ပဲလား

ငါမင်းကို ချစ်ခွင့်ရတဲ့အတွက်

ငါ့ဘ၀လေး စိုပြေခဲ့တယ်

မင်းအချစ်ကိုလည်း အကြွင်းမဲ ယုံခဲ့တယ်။
ကိုမင်းခန့်သူေ၇….. ဝေးဝေးကနေပဲ ချစ်နေ၇မှာပါ ။ကျွန်တော် ကြိုက်တယ် ။အ၇မ်းကောင်းတယ်။

commentinfo By: genius.jinx28 at Dec 16, 2010
Comment #2

ပဉ္စလတ်ဆန်တဲ့ ကံကြမ္မာအောက်

ငါတို့နှစ်ယောက်

တွေ့ခဲ့ကြတယ်နော်

မှော်လိုဖမ်းစားတတ်တဲ့

အဖြူရောင် စကားလုံးတွေထဲမှာ

ငါတို့နှစ်ယောက်

ချစ်သူတွေဖြစ်ခဲ့ကြတယ်နော်

GOOD!

commentinfo By: နရီထက် at Dec 16, 2010
Comment #3

ငါ့တို့နှစ်ယောက်

အဆုံခင်စပ်ကြား

တိတ်တိတ်ကလေးပဲ

အဝေးကနေပဲ ချစ်ကြရအောင်နော် ။ ။ ကြိုက်တယ်

commentinfo By: ရွှေငါး at Dec 17, 2010
Comment #4

ကြိုက်တယ်……..အရမ်းကြိုက်တယ်…..ကဗျာကိုပြောတာနော်……ဟီးးးးး:P

commentinfo By: ကြယ်စင်နတ်သမီး at May 3, 2011
Comment #5

ကောင်းလိုက်တဲ့ကဗျာလေးဗျာ .. ခံစားချက်တွေတူနေတယ် ။။။

commentinfo By: chityellusoelay at Aug 18, 2011
Comment #6

nice.

commentinfo By: ei lay at Sep 3, 2011
Comment #7

ဝေဖန်လေကန်ပေးတဲ့ သူငယ်ချင်းတွေ အားလုံးကို
ကျေးဇူး အရမ်းတင်ရှိပါတယ်

commentinfo By: မင်းခန့်သူ at Sep 3, 2011
Comment #8

တိတ်တိတ်ကလေးပဲ
အဝေးကနေပဲ ချစ်ကြရအောင်နော်တဲ့
ကဗျာက ရိုးရိုးလေးပေမယ့် ချစ်စရာကောင်းတဲ့ အရေးအသားတွေတွေ့ရတယ်ဗျ ။

commentinfo By: X - ray at Jan 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment