ကဗျာတစ်ပုဒ် ရေးချင်တယ်
ကြိုဝယ်ထားတဲ့ ဖယောင်းတိုင်
မီးညှိလို့ ကဗျာရေးမယ်
ဟန်ပြင် အတွေးများနဲ့
ကျွန်တော့် ခေါင်းစားရတယ်။
မရိုးနိုင်တဲ့ သူ့အကြောင်း
ကဗျာတစ်ပုဒ်လည်း ရေးချင်သေးတယ်။
မသမာမှုတွေကြား ပြည်သူ့မဲတစ်ပြားနဲ့
အောင်နိုင်သူ NLD နဲ့
ကျွန်တော် ချစ်တဲ့ အမေစုအကြောင်း
ကဗျာတစ်ပုဒ်လည်း ရေးချင်မိတယ်။
စေတနာပိုပြီး သူများရောင်းမယ့်
ကိုယ့်မရတဲ့ လျှပ်စစ်မီးကြောင့်
အရောင်းသွက်နေတဲ့ ဖယောင်းတိုင်အကြောင်း
ကဗျာတစ်ပုဒ်လည်း ရေးမယ်လို့ တွေးထားတယ်။
ဧရာဝတီအသက် မြစ်ဆုံအရေး
သမ္မတကြီးအမိန့် မထိရောက်လို့
ဂရုမစိုက်စွာ ဆက်လုပ်တဲ့
တရုတ်အကြောင်းလည်း ရေးမယ်။
ရောင်းမလောက်တဲ့ နှစ်သိန်းတန်ဖုန်း
ဘယ်လိုပင် မတန်မှန်းသိလဲ
MTP ပေးသမျှ ယူရတဲ့
ပြည်သူ့အစား စိတ်မကောင်းရတဲ့
အကြောင်းလည်း ရေးချင်ပြန်တယ်
နောက်ဆုံး ရေးချင်တာတွေများ
အတွေးစားတဲ့ အတွက်
ဒီကဗျာ ဒီလောက်နဲ့
ရပ်ရင်ကောင်းမယ်။
Comment #2
excellent creation.
By: ei lay at Apr 8, 2012
Comment #3
ဟင်… ရေးချင်တယ်၊ ရေးချင်တယ် အော်ပြီး ရေးသွားလိုက်တာ အားလုံး ကုန်ရော။ ကောင်းတယ်ဗျ
By: ကံ့ကော်မောင် at Apr 10, 2012




Comment #1
ကျွန်တော်နှစ်သက်စွာခံစားအားပေးသွားပါတယ်