Professional Authors

ကျေနပ်စွာလမ်းခွဲပြီးချိန်

ဆုံဆည်းခွင့်မရှိတော့တဲ့
ငါတို့နှစ်ယောက်ရဲ့
အနာဂါတ်မှာ
ဒဏ်ရာတွေအဖော်ပြုလို့
နောက်နေ့တွေဖြတ်သန်းမယ်
သမ္မတဖြစ်ချင်တဲ့ သူတောင်းစားတစ်ယောက်လို
ငါမင်းကိုမတမ်းတသင့်ဘူးဆိုတာသိပေမယ့်
မေ့လို့မှမရတာ
မင်းကိုမပိုင်ဆိုင်ရပေမယ့်
အလွမ်းတွေကိုတော့
ပိုင်ဆိုင်ခွင့်ပေးပါနော်
ငါ့အကြောင်းတွေအိပ်မက်မက်မှာစိုးလို့
ငါခြွေတာပြီးလွမ်းပါ့မယ်
အကယ်၍လမ်းမှာများဆုံတွေ့ခဲ့ရင်
မနှုတ်ဆက်လိုက်ပါနဲ့
ငါခံနိုင်ရည်မရှိလို့ပါ
မင်းကြောက်တဲ့မိုးချိမ်းသံတွေမကြားရစေဖို့
ငါဆုတောင်းပေးနေတယ်
မိုးမရွာပါစေနဲ့လို့…………………

(မင်းကိုမေ့မယ့်နေ့အတွက် အသုဘဖိတ်စာတွေငါ့နာမည်နဲ့ရိုက်ထားတယ်)

In: Others Posted By: Date: Jun 28, 2010
Comment #1

ကျေနပ်စွာ လမ်းခွဲပြီးရင်တော့ ဘာကိုမှမလိုချင်တော့ပါဘူး အလွမ်းတွေအပါအ၀င်ပေါ့ 🙂

commentinfo By: ယုန်လေး at Sep 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment