Professional Authors

ငါဟာ…………………………..

ချစ်သူရေ…………..
မင်းရဲ့ကောင်းကင်မှာ ငါ့ကို
ကြယ်လေးတလုံးဖြစ်ခွင့်ပေးပါ
လမင်းလေးတစင်း လဲငါဖြစ်ချင်တယ်လေ
တိမ်တိုက်တခုသာဆိုရင်
မင်းရှိတဲ့အရပ်ကိုလိုက်ပြီးရွာချလိုက်ချင်တယ်လေ………….
မမြင်ရပေမဲ့ တမ်းတနေမိတယ်
မကြားရပေမဲ့ နားစွင့်နေခဲ့မိတယ်
မတောင်းခဲ့ပဲလည်း ပေးခဲ့လိုက်ပြီ
သစ်ရွက်တရွက်ဆိုရင်
ငါကြွေပြချင်ပါရဲ့………..
နှလုံးသားကတော့
အဖြူရောင် စာရွက်လေးတရွက်ပါ
မင်းရေးချင်ရာရေးပေါ့
ငါဟာကြယ်လေးတလုံးပါ
ငါဟာ လလေးတစင်းပါ
သစ်ရွက်လေးတရွက်
တိမ်စိုင်လေးတခု

In: ကဗျာ Posted By: Date: Feb 23, 2011
Comment #1

မမြင်ရပေမဲ့ တမ်းတနေမိတယ်
မကြားရပေမဲ့ နားစွင့်နေခဲ့မိတယ်
မတောင်းခဲ့ပဲလည်း ပေးခဲ့လိုက်ပြီ
အားပေးနေပါတယ်…

commentinfo By: genius.jinx28 at Feb 25, 2011
Comment #2

အားပေးတာကျေးဇူးပါဗျာ……
ကြိုးစားသွားပါမယ်……..

commentinfo By: laminpaing at Feb 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment