Professional Authors

ကြောင်ကလေး ‘စ’သလိုလိုနဲ့ တကယ်ကိုက်တယ်…

ကြောင်ကလေး
‘စ’သလိုလိုနဲ့ တကယ်ကိုက်တယ်…

သူ့စိတ်ကလေးထဲ
ဘာတွေးနေမယ် မှန်းခက်၊

အဲသလိုမျိုး
သူ့အမွေးဖြူဖွားဖွား
အရည်လဲ့မျက်ဝန်းစို
သူ့ချိန်ခါငယ်မူပျိုနု
လတ်ဆတ်တေးဖွဲ့ဖွဲ့၊

ဟောသလိုမျိုး
သူ့သွားဖြူဖြူလေးတွေနဲ့ သာသာခဲခဲတော့
ငါ့မှာသာ
မသိလိုက်ဘာသာနေရခက်ခက်

ရင်ခွင်ထဲမှာ ထွေးအပွေ့.
ကြောင်ကလေး..
ကြည့်…

‘စ’သလိုလိုနဲ့ တကယ်ကိုက်တယ်။

ဩမြိုင်

In: ကဗျာ Posted By: Date: Feb 19, 2011
Comment #1

စ’ သလိုလိုနဲ့ တကယ်ကိုက်သွားတာလား…..ကိုက်သလိုလိုနဲ့ စ’ သွားတာလား….

commentinfo By: thasae at Feb 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment