Professional Authors

ဦးနှောက်သေးသေးနဲ့

ဦးနှောက်သေးသေးနဲ့လူသေးသေးတို့
သူများ မုန်းတယ်ဆိုလိုက်မုန်း
သူများ သနားအောင်လုပ်ပြတိုင်း လိုက်သနား
သူများ ဒုက္ခသူတို့အတွက်ပေါ့ပေါ့ပါးပါး ဟာသဖြစ်လိုဖြစ်
 ဘာမှမယ်မယ်ရရမရှိ
သူနဲ့သူ့လိုအင်သာအဓိက။

 အဲသလိုမျိုး
ဦးနှောက်သေးသေးနဲ့လူသေးသေးတို့
အိမ်လေးသေးသေး မှာ
ကိုယ်ကို ကျုံ့ပြီးနေ စိတ်တွေရှုံ့သထက်ရှုံ့
ဘဝတွေ နုံ့သထက်နုံ့

ဟိုတစ်နေ့ကမှ သတိရလို့
ကိုယ့်ကိုယ်မှန်ထဲ အကြည့်
အလို…
ဦးနှောက်သေးသေးနဲ့လူတစ်ယောက်!!!

ဩမြိုင်

In: ကဗျာ Posted By: Date: Nov 27, 2010
Comment #1

ဟေ့လူ
ကျွန်တော့်ကိုများ ပြောနေသလား
ကောင်းတယ်

commentinfo By: butterfly at Nov 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment