Professional Authors

ဖရီး၏ ဂန္ထ၀င်အခမဲ့မှတ်စုများ (သုံး)

(၁) သတိပေးချက် (catching cold)

ဖင်လန် အစိုးရက ဆောင်းရာသီတွင် ဖင်လန်သူ ဖင်လန်သား များအအေးမိနိုင်ကြောင်းသတိပေးချက်ထုတ်ပြန် ထားပါသည်။

(၂) မီးလောင်ကုန်ပြီ (Fire)

ရန်ကုန်မြို့တွင်ယမန်နေ့ညက လျှပ်စစ်မီးများပျက်နေခိုက် မီးလောင်မှုများဖြစ်ပွားခဲ့ရာ အိမ်အတော်များများတွင် ဖယောင်းတိုင်များ     လောင်ကျွမ်းသွားကြောင်း သတင်းရရှိပါသည်။
 (သတင်းထောက် အာပလာ၊ မဟုတ်တရုတ်ဂျာနယ်ပေးပို့သည်။ )

(၃) ပူနွေးလို့ မဖြစ်ဘူး (global warming concern)

 Global warming နှင့်ပတ်သက်ပြီး တိုက်ဖျက်ရန် အဓိက တွန်းအားပေးနေသူများမှာ အနွေးထည်ရောင်းသူများ
 ဖြစ်ကြောင်းသိရပါသည်။

(၄) သူတို့အတွက်  (for them)

အမျိုးသမီး များ၏အသက်မွေးဝမ်းကျောင်းမှု ပိုမိုလုံခြုံစိတ်ချစေနိုင်ရန်အတွက် အမျိုးသမီးများအတွက် အခမဲ့ဆိုက်ကားနင်းသင်တန်း တစ်ခု ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း  ပေးမလောက်အင်ဂျီအို မှ ပြောကြားလိုက်သည်။

( ပြောမဆုံးပေါင်တောသုံးတောင် http://asnstar.blogspot.com တွင် ထပ်မံသွားရောက်ဖဆ်ရှုနိုင်ပါသေးသည်)

သင့်ရယ်မောခြင်းဖြင့် ခရီးဆက်ပါအံ့
မူလလက်ဟောင်း ကိုကိုဖရီး

In: ဝတ္ထု Posted By: Date: Nov 25, 2010
Comment #1

really funny,
million thz

commentinfo By: ei lay at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment